ကြက်ဥ၊ ဘဲဥပြုတ်စားသုံးခြင်း နှင့် သင့်ကျန်းမာရေး

မျက်လုံးအတွက်ကောင်းစေတယ်


ကြက်ဥ၊ ဘဲဥတွေမှာ မျက်လုံးတွေကိုအားကောင်းစေနိုင်တဲ့ ဗီတာမင် အေ ပါဝင်ပါတယ်။  ဥနီတို့ပဲ မျက်လုံးအတွက်အားကောင်းစေတာမဟုတ်ပါဘူး။ ကြက်ဥ၊ဘဲဥ ပြုတ်တို့နေ့စဉ်စားပေးခြင်းဟာလည်း မျက်လုံးတွေရဲ့ အနီးမှုန်ခြင်း ၊ အဝေးမှုန်ခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။ သည့်အပြင် မျက်လုံးတွေဆိုတာ စကြာဝဠာရဲ့ အလှပအတွေကို ရှု့မြင်ခံစားနိုင်ဖို့အရေးကြီးတဲ့ အာရုံတွေထဲကတစ်ခုဖြစ်တဲ့အတွက် သူ့ကိုလည်း အထူးဂရုစိုက်နေနိုင်ဖို့ လိုအပ်ပါတယ်နော်။

ခြေသည်း၊ လက်သည်း တွေကို တောက်ပစေတယ်


ကြက်ဥ၊ ဘဲဥ ထဲမှာဆိုရင် antioxism လို့ခေါ်တဲ့ ခြေလည်းလက်သည်းတွေကို ပုံမှန်ထက်တောက်ပနိုင်စေတဲ့အရာပါဝင်နေတယ်ဆိုတာ များသောအားဖြင့် မသိကြသေးပါဘူး။ ခြေသည်း လက်သည်း တွေကို သဘာဝအတိုင်း တောက်ပ သန့်ရှင်းစေလိုတာဟာ အလှအပကြိုက်တဲ့ သပ်သပ်ရပ်ရပ်နေတတ်တဲ့ လူတိုင်းရဲ့ အိပ်မက်ပါ။ ဒါကြောင့်မို့လို့ သင့်ရဲ့ ခြေသည်းလက်သည်းတွေ ဖြူစင်လင်းလက်နေစေဖို့အတွက် နေ့တိုင်း ကြက်ဥ၊ ဘဲဥပြုတ်တွေစားပေးကြပါနော်။


အရိုးတွေကို သန်မာစေတယ်


အရိုးတွေဆိုတာ ကျွန်တော်တို့ဘဝနေ့စဉ်လှုပ်ရှားမှုအတွက် အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အသက်အရွယ်တွေရလာသည်နှင့်အမျှ အရိုးကျန်းမာရေးဟာလည်း အသက်အရွယ်လိုက်ပြီးပြောင်းလာတတ်ပါတယ်။  ဥပမာအားဖြင့်ပြောရမယ်ဆိုရင်တော့ အသက်ကြီးလာရင် အရိုးဆွေးတာတွေဖြစ်လာတတ်သလိုမျိုး။ အဲလိုမျိုးတွေဖြစ်မလာအောင် သင့်အရိုးကျန်းမာရေးကို ဂရုစိုက်ပေးသင့်ပါတယ်။ အာဟာရဖြစ်တဲ့ အစားအသောက်တွေ၊ ကယ်လ်စီယမ်ပါဝင်တဲ့အစားအသောက်တွေ စားသုံးပေးရပါမယ်။ ထိုထဲမှာမှ ကြက်ဥပြုတ် ဘဲဥပြုတ်တို့ကိုလည်း စားသုံးပေးနိုင်ပါတယ်။ တစ်ပတ်မှာ ၄ ကြိမ်၊ တစ်ကြိမ်မှာ မိနစ် ၃၀ ခန့် အားကစားပြုလုပ်ပေးသင့်ပါတယ်။

ကိုယ်ခန္ဓာထဲက ဆဲလ်တွေကို ပြန်လည်မွေးဖွားပေးပါတယ်


ကြက်ဥ ဘဲဥ ပြုတ် စားသုံးခြင်းရဲ့ တခြားကောင်းကျိုးတစ်ခုကိုပြောပြရမယ်ဆိုရင် သင့်ရဲ့ ခန္ဓာကိုယ်ထဲက ဆဲလ်တွေကို ပြန်လည်တည်ဆောက်ပေးနိုင်ပါတယ်။ သူဆီမှာပါဝင်တဲ့ ကလိုရင်းတွေဟာ ပျက်စီးသွားတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေနိုင်ပြီး ဆဲလ်သစ်တွေကို ပြန်လည် မွေးထုတ်ပေးပါတယ်။


ဆံသားတွေကို တောက်ပစေတယ်


နောက်ထပ်ကောင်းကျိုးတခုကတော့ ကြက်ဥပြုတ် ဘဲဥပြုတ် စားသုံးပေးခြင်းဟာ သင့်ဆံသားတွေကို ဆိုင်မှာ Treatment သွားလုပ်သလိုပဲ သဘာဝအတိုင်း တောက်ပလာစေနိုင်ပါတယ်။ သူ့မှာပါဝင်တဲ့ Fatty အက်စစ်တွေဟာ ဆံသားတွေကို တောက်ပစေပြီးသန်မာစေနိုင်ပါတယ်။


သွေးလည်ပတ်မှုကောင်းမွန်စေတယ်


မနက်စာကို ကြက်ဥ ဘဲဥတို့နဲ့ သုံးဆောင်ပေးခြင်းဟာ သွေးလည်ပတ်မှုဆောင်ရွက်ရန်မှာ အထူးကောင်းမွန်စေပါတယ်။


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။