တေးသံရှင် ကိုဂျီလတ် ရဲ့ ညီ ကိုကမ္ဘာ ရုတ်တရက်ကွယ်လွန်

တေးသံရှင် ကိုဂျီလတ် ရဲ့ နာမည်ကျော် မြို့ပြလမ်းခွဲသီချင်းကိုရေးစပ်ပေးခဲ့ပြီး ကိုဂျီလတ် ရဲ့ ညီအရင်းလည်းဖြစ်သူ ဖေကမ္ဘာငြိမ်းချမ်း ဟာ မတ်လ ၄ ရက်၊ တနင်္လာနေ့မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်တယ် လို့သိရပါတယ်။

ကိုကမ္ဘာကွယ်လွန်သွားရတဲ့အကြောင်းကိုတော့ တေးသံရှင် ဇွဲပြည့်က သူ့ရဲ့အကောင့်မှာ “ Sorry ကိုကမ္ဘာ .. နောက်နောင် ဒီလိုအဖြစ်ဆိုးက ဝေးပါစေဗျာ .. RIP Pe Kabar Nyein Chan “ လို့တင်ထားခဲ့ပြီး လူမှုကွန်ယက်အသုံးပြုသူတွေကလည်း ဒီသတင်းကြောင့် အံ့သြနေကြပါတယ်။

ကွယ်လွန်သွားပြီဖြစ်တဲ့ ကိုဖေကမ္ဘာငြိမ်းချမ်း ကြောင့်မိသားစုဝင်တွေနဲ့သူငယ်ချင်းတွေလည်း ဝမ်းနည်းစိတ်မကောင်းဖြစ်နေကြမှာပါ။ သီချင်းကောင်းတွေရေးဖွဲ့ပြီး ပွင့်ပွင့်လင်းလင်းရှိတဲ့ ကိုကမ္ဘာတစ်ယောက် ကောင်းရာမွန်ရာရောက်ပါစေ လို့ WE Media က ဆုတောင်းပေးလိုက်ပါတယ်။

Gabriel
Source – Zwe Pyae, Pe Kabar Nyein Chan fb



we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။