The Voice Myanmar ရဲ့ Blind Audition မှာ ဝက်ဝက်ကွဲအောင်မြင်ခဲ့ကြတဲ့ ပြိုင်ပွဲဝင်များ

Season 1 တုန်းက အောင်မြင်လူကြိုက်များခဲ့တဲ့ The Voice Myanmar ရဲ့ Season 2 ဟာ ပရိသတ်တွေကို ရင်ခုန်စိတ်လှုပ်ရှားစရာရသတွေတစ်ပြုံကြီးပေးဦးမှာပါ။ စောင့်ကြည့်နေတဲ့ပရိသတ်တွေမျှော်လင့်ထားတာနဲ့ထပ်တူ ပြိုင်ပွဲဝင်တွေရဲ့ သီဆိုဖျော်ဖြေမှုတွေက အားရစရာကောင်းလှပါတယ်။

ကိုယ်ပိုင်နိုင်တဲ့ Genre နဲ့ ကိုယ်တတ်ကျွမ်းတဲ့ သီဆိုဟန်တွေကို အားရပါးရချပြခဲ့ကြတဲ့ ပြိုင်ပွဲဝင်တစ်ချို့ကတော့ ပရိသတ်ရော၊ ဒိုင်တွေရဲ့အကြိုက်နဲ့ပါကိုက်ညီခဲ့ကြတယ်။ The Voice Myanmar Season 2 ရဲ့ လက်ရှိမှာ ပရိသတ်တွေအကြိုက်တွေ့နေကြတဲ့ ပြိုင်ပွဲဝင် ( ၇ ) ယောက်ကို ပြန်ပြီး ဖော်ပြပေးလိုက်ပါတယ်။

( ၁ ) Novem Htoo

နိုဗင်ထူး ကတော့ နဂိုထဲက Band နဲ့ run နေသူ တေးသံရှင်ဖြစ်ပြီး Metal လိုင်းကို ကျွမ်းကျွမ်းကျင်ကျင်သီဆိုတတ်သူပါ။ Blind Audition နေ့က Slipknot ရဲ့ Spit it out သီချင်းကို ချောချောမွေ့မွေ့သီဆိုသွားခဲ့ပြီး ဒိုင် လေးဦးစလုံးရဲ့ ချီးကျုးမှုတွေကိုရရှိခဲ့သူလည်းဖြစ်ပါတယ်။ လက်ရှိတော့ Novem Htoo က Team Kyar Pauk မှာပါ။

( ၂ ) Khine

တောင်ကြီးသူလေး ခိုင် ကတော့ ဒုတိယမြောက်အားပေးမှုအများဆုံး ပြိုင်ပွဲဝင်ပါ။ Violinist တစ်ယောက်ဖြစ်ပြီး Violin Demonstrator တစ်ယောက်ဖြစ်ပြီး အဲ့ဒီနေ့က သူမတတ်ကျွမ်းတဲ့ Ukelele လေးနဲ့ Can’t take my eyes off you သီချင်းလေးကို ဖျော်ဖြေပေးခဲ့တာပါ။ intro နဲ့တင် ဆရာကျားလှည့်ကြည့်ရတဲ့အထိ စွဲဆောင်နိုင်ခဲ့သူ ခိုင် ကတော့ နောက်အဆင့်တွေမှာလည်း ဘယ်လိုတေးသွားတွေနဲ့ဖျော်ဖြေမလဲ စိတ်ဝင်စားစရာပါ။

( ၃ ) Twin Star

 နာမည်လေးနဲ့လိုက်ဖက်အောင်ပဲ အမွှာညီအစ်မနှစ်ယောက်ကတော့ မထွန်းအိန္ဒြာဗိုလ် ရဲ့ တီအားမို သီချင်းလေးကို လိုက်ဖက်ညီညီသီဆိုခဲ့ကြတာပါ။ လူကြိုက်များခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီး ဒိုင်တွေနဲ့ပရိသတ်တွေအတော်လေးအားပေးခဲ့ကြပါတယ်။ သူတို့ညီအစ်မကတော့ Team Ni Ni ပါ။

( ၄ ) A Day

အသက် ( ၂၆ ) နှစ်အရွယ်တောင်ကြီးသားလေး A Day ကတော့ မြူးမြူးကြွကြွ နဲ့ ဘီးကြဲ သီချင်းကိုသီဆိုခဲ့ပါတယ်။ သူကတော့ Team R Zar Ni ပါ။

( ၅ ) Khoon Wadi Pyae

မပြောင်းလဲနိုင်တဲ့အချစ် သီချင်းနဲ့ တေးသွားအေးအေးလေးကို သီဆိုခဲ့သူကတော့ ခွန်းဝတီပြည့် ပါ။ ပရိသတ်အားပေးမှုရခဲ့တဲ့ ပြိုင်ပွဲဝင်ဖြစ်ပြီး Team Ni Ni ပဲဖြစ်ပါတယ်။

( ၆ ) Hein Zaw Lin

တည်ငြိမ်တဲ့အသံပိုင်ရှင် ဟိန်းဇော်လင်း ကတော့ ရင်မှာအရင်အတိုင်း သီချင်းနဲ့သီဆိုယှဉ်ပြိုင်ခဲ့ပါတယ်။ Rap ကိုလည်း ပိုင်ပိုင်နိုင်နိုင်ရွတ်သွားခဲ့ပြီး Vocal ပိုင်းမှာလည်း ပြောစရာမလိုတဲ့သူပါ။ ဟိန်းဇော်လင်း ကတော့ Team Yan Yan Chan ပါ။

( ၇ ) Just


နောက်ဆုံးပြိုင်ပွဲဝင်ကတော့ ဆံပင်ရှည်ရှည် နဲ့ ကိုရီးယားဆန်ဆန်ရုပ်ရည်ပိုင်ရှင် Just ပါ။ ဝိုင်ဝိုင်း ရဲ့ အထီးကျန်ဝိဉာဉ် သီချင်းနဲ့ပြိုင်ပွဲဝင်ခဲ့ပါတယ်။ အနည်းငယ်လိုအပ်မှုလေးတွေရှိခဲ့ပေမယ့် ဆက်ကြိုးစားဖို့ဒိုင်တွေက အားပေးခဲ့ပြီး ပရိသတ်အားပေးမှုကိုရရှိထားပါတယ်။ သူကတော့ Team Yan Yan Chan ပါ။

ကဲ .. WE ပရိသတ်ကြီးရော … ဘယ်သူ့ကိုအားပေးကြမှာလဲ ?
Gabriel





we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။