မျက်နှာပေါ်က ကြေးလေးတွေပျောက်အောင် ဘယ်လိုလုပ်မလဲ?

မျက်နှာပေါ်မှာ ကြေးတွေရှိနေရင် မျက်နှာက ကြည်ကြည်လင်လင်လေးမဖြစ်တော့ပဲနဲ့ ညစ်ညစ်ကြီးဖြစ်နေတတ်ပါတယ်။ နောက်ပြီး ဒီလိုကြေးတွေကပ်နေရင် ဝက်ခြံတွေ၊ အဆီဖုတွေလည်း ထွက်လာတတ်ပါတယ်။

အကောင်းဆုံးကတော့ မျက်နှာပေါ်မှာကြေးတွေမရှိမှ အဆင်ပြေမှာပါ။

ဒါကြောင့် မျက်နှာပေါ်မှာရှိနေတဲ့ကြေးတွေကို ပျောက်သွားအောင်လုပ်လို့ရတဲ့ အလွယ်ကူဆုံးနည်းလမ်းလေးကို ပြောပြပေးချင်ပါတယ်။

မျက်နှာပေါ်မှာရှိနေတဲ့ကြေးတွေကို ပျောက်အောင်လုပ်ဖို့အတွက်  လိုအပ်တဲ့ပစ္စည်းတွေကတော့ ကော်ဖီကြမ်းမှုန့်၊ သကြားအညိုနဲ့ သံလွင်ဆီပါ။ ဒီပစ္စည်းတွေက ဈေးတွေ၊ city mart တွေမှာ အလွယ်တကူဝယ်လို့ရတဲ့ ပစ္စည်းတွေပါ။

လုပ်ရမယ့်ပုံစံလေးကတော့ ကော်ဖီကြမ်းမှုန့်နဲ့ သကြားအညိုကို ဆတူရောပြီး၊ သံလွင်ဆီကိုပါ လေးပုံတစ်ပုံစာလောက် ရောထည့်ပြီး မွှေလိုက်ပါ။ ပြီးရင်တော့ မျက်နှာပေါ်မှာ နေရာအနှံ့လိုက်တင်ပေးပြီး စက်ဝိုင်းပုံစံလေး (၁၀) မိနစ်လောက် နှိပ်နယ်ပေးပါ။

ပြီးရင် ရေဆေးချပြီး မျက်နှာသစ်လို့ ရပါပြီ။ မျက်နှာသစ်ပြီးရင် ဒီတိုင်းမထားပဲ မျက်နှာကိုရေဓာတ်ဖြည့်ပေးတဲ့ ခရင်မ်တစ်ခုခု လိမ်းထားပေးပါ။

ဒီလိုတွေလုပ်ပြီးသွားရင်တော့ ချေးတွေကင်းစင်ပြီး ကြည်လင်တဲ့ မျက်နှာအသားအရေလေးကို ပိုင်ဆိုင်လာမှာပါ။ တစ်ပတ်တစ်ခါလောက် ပုံမှန်လေးလုပ်ပေးရင်တော့ အကောင်းဆုံးပါပဲ...။
 




we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။