Snap Chat မှာ မျက်လုံးပြာလေးကို ရန်တွေ့လိုက်တဲ့ Selena

Jelena အရှုပ်တော်ပုံတွေကို ရှင်းထုတ်ပြီးနောက်ပိုင်းမှာတော့ Selena ဟာ သူမရဲ့အနုပညာလုပ်ငန်းတွေကို ခပ်စိပ်စိပ်ပြန်လုပ်ကိုင်လာနိုင်တာ တွေ့ရပါတယ်။ Julia Michael နဲ့အတူ ဆိုခဲ့တဲ့ Anxiety သီချင်းကလဲအရမ်းကိုပေါက်ခဲ့ပြီး အခုနောက်ထပ်ထွက်ထားတဲ့ I Can’t Get Enough ဆိုတဲ့ Latino သီချင်းလေးကိုလဲ လူတိုင်းအကြိုက်တွေ့နေကြပါတယ်။ မင်မင်ရဲ့selena လေးရေ Con Con ပါလို့။

Selena တစ်ယောက် ပြီးခဲ့တဲ့ရက်ပိုင်းက Snapchat က မျက်လုံးပြာလေးတွေကို ဒေါကန်နေပါတယ်။

Snap Chat က Beauty Filter တွေ အားလုံးနီးပါးဟာ မျက်လုံးပြာပြာလေးတွေကိုတော့ ချစ်စရာကောင်းတဲ့ မျက်နှာလေးတွေမှာ သုံးထားပြီး မျက်လုံး အညိုတွေကိုတော့ ရုပ်ဆိုးတဲ့ ဟာသ မျက်နှာတွေမှာပဲ သုံးထားလို့ပါတဲ့။ အော် ငါနဲ့။ ရန်ဖြစ်စရာမရှိ Camera effect နဲ့ရန်ဖြစ်ရတယ်လို့ XD

ဘာပဲဖြစ်ဖြစ် သူမရဲ့အသည်းကွဲဒဏ်ရာတွေကို ကုစားပြီးနောက်ပိုင်းမှာ ဒီလိုပျော်ပျော်ရွှင်ရွှင်လေးမြင်ရတာ ဝမ်းသာစရာပါဘဲ။

သူမ ရန်တွေ့ခဲ့တဲ့ Video လေးကတော့ ဒီမှာပါ…

ဟုတ်တော့လဲဟုတ်သားဘဲနော်။ ကိုယ်တို့Asia တွေရဲ့မျက်လုံးညိုလေးတွေကလဲ ဆွဲဆောင်မှုရှိတယ်ဆိုတာ Snap Chat Team ကလူတွေ မသိလေရော့သလား။

ဒါကြောင့်လဲ Celebrity တွေဟာ အပြာရောင်၊ မီးခိုးရောင် မျက်ကပ်မှန်တွေကို တမက်တမော တက်လာကြတာဖြစ်မယ်နော်။

တကယ်တော့ ကိုယ့်ရဲ့သဘာဝမျက်လုံးအရောင်လေးကသာ အလှဆုံးဘဲဆိုတာ Selena ကပြောပြနေပြီနော်။

အလှတရားဆိုတာ လူတွေရဲ့သတ်မှတ်ချက်တစ်ခုပါဘဲ။ အပေါ်ယံအလှတရားတွေကို ကြည့်ပြီး သိမ်ငယ်မနေပါနဲ့။ သင့်ရဲ့ပုံစံလေးအတိုင်းလဲ သင်ကလှပြီးသားပါလို့။

Writer >>> Joven

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။