အေးချမ်းလှတဲ့ သာသနာ့ဘောင်မှာ ရှင်သာမဏေအဖြစ်ခံယူနေတဲ့ ဖြိုးမြတ်အောင် 

ပရိတ်သတ်တွေရဲ့ အချစ်တော် Myanmar Idol Season (3) ရဲ့ Winnerဆုရှင် ဖြိုးမြတ်အောင်ဟာ လက်အရှိန်မှာ အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်လုပ်ကိုင်နေပြီး ကြော်ငြာတွေများစွာလည်း ရိုက်ကူးထားပါတယ်။ ဖြိုးမြတ်အောင်ဟာ ဘာသာတရားကိုင်းရှိုင်းသူတစ်ဦးဖြစ်တဲ့ အပြင် အလုပ်ကိုလည်း သေချာစွာအာရုံစူးစိုက်ပြီး လုပ်ကိုင်တတ်တဲ့သူတစ်ဦးပါ။

အခုဆိုရင်တော့ ပရိတ်သတ်အချစ်တော် ဖြိုးမြတ်အောင်ဟာဆိုရင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ဣစ္ဆာသယ ရန်ကင်းတောင်၊ တောင်ညိုလေးတောရကျောင်းက ဆရာတော် အသျှင်ကုသလရဲ့ ခြေတော်ရင်းမှာ ဦးဇင်း ဝတ်လိုက်ပြီလို့ သိရပါတယ်။

ဖြိုးမြတ်အောင်ရဲ့ လူမှုကွန်ယက် page မှာလည်း “ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဣစ္ဆာသယ ရန်ကင်းတောင်၊တောင်ညိုလေးတောရ အဂ္ဂဓူရဝိဇ္ဇာဓရ ဆရာတော် အသျှင်ကုသလ၏ ခြေတော်ရင်း အစုံအား ဖူးမျှော်၍ Myanar Idol Winner ဆုရှင် ကိုဖြိုးမြတ်အောင်မှ ရှင်သာမဏေ အဖြစ်ခံယူ၍ သာသနာဘောင်သို့ ရောက်ရှိသွားပါပြီခင်ဗျာ ဒါယာကာ ဒါယာကာမများ ဖူးမျှော်စေရန် တင်ပေးလိုက်ပါသည်ခင်ဗျာ သာမဏေဘွဲ့အမည်မှာ = အရှင် ပညာဝံသ ” ပါလို့ တင်ထားပါတယ်။ 

မကြာခင်မှာလည်း ဖြိုးမြတ်အောင်ဟာ သူ့ရဲ့ အဖြစ်ချင်ဆုံး ဆန္ဒတစ်ခုဖြစ်တဲ့ ဘုရားထီးတင်ပွဲ အလှူကြီးကို ပြုလုပ်တော့မယ်လို့လည်း သိရပါတယ်။ အောက်မှာ ဖြိုးမြတ်အောင်ရဲ့ သာသနာ့ဘောင် ဝင်ရောက်သွားတဲ့ ပုံရိပ်ကလေးတွေကို ကြည့်လိုက်ပါဦးနော် …..။

Crd; 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။