ဆယ်တန်းစာမေးပွဲဖြေနေတဲ့ ကလေးတွေကို ဆုတောင်းမေတ္တာပို့ပေးနေတဲ့ မြင့်မြတ်တို့ Video File 

လက်ရှိအချိန်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေကြတဲ့ ညီငယ်၊ ညီမငယ်လေးတွေအတွက် နာမည်ကျော် သရုပ်ဆောင်များဖြစ်တဲ့ မြင့်မြတ်၊ K ညီနဲ့ ယုန်လေးတို့ သရုပ်ဆောင် ညီအစ်ကို (၃)ဦးဟာ ဆုတောင်းမေတ္တာပို့ပေးခဲ့ပြီး ကလေးတွေကို ကတိပေးထားတဲ့ မိခင်တွေကိုလည်း ကတိတည်နိုင်ဖို့ ဆုတောင်းပေးလိုက်ကြပါတယ်။

ဖေဖော်ဝါရီလ (၁၉) ရက်နေ့မှစတင်ပြီး ရုပ်ရှင်ကားကြီးရိုက်ကူးရန် ရေခဲတောင်ပေါ်ကို သွားရောက်ခဲ့ကြတဲ့ အနုပညာရှင် မောင်နှမအဖွဲ့ကတော့ ရေခဲတောင်ပေါ်မှာ အခက်အခက်တွေများစွာနဲ့ ခက်ခက်ခဲခဲနေထိုင်နေကြရပေမယ့်လည်း ရုပ်ရှင်ကားကြီးကိုတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ ဆက်လက်ရိုက်ကူးနေကြပါတယ်။

 “ မမြင်နိုင်တဲ့ ပစ္စုပ္ပန် (သို့) အေးခဲသွားသောMemory ” ရုပ်ရှင်ကားကြီးကို အခက်အခဲများစွာနဲ့ ရိုက်ကူးနေပမယ့် အားလပ်ချိန်လေးမှာ မြင့်မြတ်၊ K ညီနဲ့ ယုန်လေးတို့ဟာ စာမေးပွဲဖြေဆိုနေကြတဲ့ ညီငယ်၊ ညီမငယ်တွေအတွက် သံပြိုင်ညီညီ ဆုတောင်းမေတ္တာတွေ ပို့ပေးခဲ့တဲ့ Video လေးကို ပရိတ်သတ်တွေ အရမ်းသဘောကျနေကြပြီး Like and Share တွေ ဝေဆာခဲ့ပါတယ်။ ဒီတော့ ပရိတ်သတ်ကြီးလဲ အောက်က မြင့်မြတ်တို့ရဲ့ Video File လေးကို ကြည့်လိုက်ပါဦးနော် ….

Crd Video; K Kay

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။