ဝပြီးပုတဲ့ Cutties လေးတွေနဲ့လိုက်ဖက်မဲ့ဖက်ရှင်တွေက

Chubby is the new sexy တဲ့နော်။ ဝပေမဲ့လဲ ဖက်ရှင်ကျအောင်ဝတ်တတ်ရင် LCD မလေးတွေထက်တောင်လှနေအုံးမှာ။ မယုံဘူးလား။ မယုံရင် တခြား Chubby လေးတွေ ဝတ်ထားတာကို တစ်ချက်လောက်ရှိုး။

သူတို့တွေဘာလို့လှနေတာလဲ။ လျှို့ဝှက်ချက်လေးတွေပြောပြမယ်နော်။

၁။ ခါးရှည်တဲ့ ရှပ်အင်္ကျီတွေကို ဘောင်းဘီထဲထည့်ဝတ်ပါ။ Chubby လေးတွေက ပစ္စည်းရှိလူတန်းစားတွေဆိုတော့ ခါးရှည်တဲ့ ရှပ်တွေဝတ်တဲ့အခါ တင်ရဲ့ဆိုဒ်နဲ့တစ်ဖြောင့်တည်းဖြစ်သွားတတ်ပါတယ်။ အဲဒီ့အခါ ခါးမပေါ်ဘဲ ပိုဝတဲ့ ပုံပေါက်သွားတတ်ပါတယ်။

၂။ ဂါဝန်တွေဝတ်မယ်ဆိုရင် ဒေါက်စီးပါ။ ဒါကသင့်ခြေသလုံးလေးတွေ ပိုသွယ်သယောင် ထင်ရစေပါတယ်။

၃။ ဂျင်းကွာတ (သို့) ဂျင်းအရှည်ကို ခေါက်ဝတ်တဲ့အခါ ခြေမျက်စိပေါ်စေမဲ့ ဖိနပ်မျိုးကို ဝတ်ပါ။ ကြိုးသိုင်းဖိနပ်မျိုးကိုရှောင်ပါ။ ကြိုးသိုင်းဖိနပ်တွေက သင့်ခြေချင်းဝတ်ကို ပိုတုတ်သွားသယောင် ထင်ရစေပါတယ်။

၄။ အကယ်၍ ခြေချင်းဝတ်ထိ ရှည်တဲ့ဘောင်းဘီမျိုး ဝတ်မယ်ဆိုရင်လဲ ဒေါက်စီးပါ။

၅။ ကုတ်အင်္ကျီ ဝတ်ပါ။ ကုတ်အင်္ကျီက သင့်ရဲ့ပုခုံးကို ပိုပြီးကျယ်သယောင်ထင်ရစေပြီး သပ်သပ်ရပ်ရပ် ဖြစ်စေပါတယ်။ သင့်ရဲ့ခါးကိုလဲ ပိုသေးသွားတယ်လို့ထင်ရစေပါတယ်။ ပိုစမတ်ကျစေပါတယ်။

၆။ ခါးတဆက်တည်းဂါဝန်းလေးတွေဝတ်မယ်ဆိုရင် ခါးပတ်(သို့)ခါးစည်းကြိုးလေး သုံးပေးပါ။ ဒါမှမဟုတ်လဲ ခုနကပြောခဲ့သလို ကုတ်လေးထပ်လိုက်ပါ။

၇။ လက်ရှည်အင်္ကျီတွေကို ခေါက်ဝတ်ပါ။ လက်ရှည်လေးနဲ့လဲလှတယ်ဆိုပေမဲ့ ခေါက်ဝတ်လိုက်တဲ့အခါ သင့်ရဲ့လက်ကို ပိုသွယ်သွားသလိုထင်ရစေပါတယ်။ များသောအားဖြင့် လက်မောင်းဘဲဝပြီး လက်ဖျံအပိုင်းကတော့ သွယ်ကြတာများတယ်မဟုတ်လား။

၈။ နောက်ဆုံးအချက်က Confidence ပါဘဲ သဲတို့ရေ။ Confidence ရဲ့အလှကိုတော့ ဘယ်အလှမှမယှဉ်နိုင်ပါဘူး။ ကိုယ့်ကိုယ်ကိုချစ်ပါ။ ကိုယ်ဖြစ်တည်နေတဲ့ဘဝကိုချစ်ပါ။ ကိုယ့်လုပ်ဆောင်ချက်တွေအပေါ်ယုံကြည်ချက်ရှိပါလို့။

Joven

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။