ဗိုလ်အောင်ဒင် သီချင်းခွေရှာမရလို့ ( ၇ ) လွှာခေါင်မိုးပေါ်က ခုန်ချသေကြောင်းကြံမှုဖြစ်ပွားခဲ့

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ကမ်းနားလမ်းမှာနေထိုင်တဲ့ အသက် ( ၃၅ ) နှစ်အရွယ်အမျိုးသားတစ်ဦးဟာ နေအိမ်ထဲမှာ ဗိုလ်အောင်ဒင် သီချင်းခွေရှာမတွေ့တဲ့အတွက် ( ၇ ) လွှာခေါင်မိုးပေါ်ကနေ ခုန်ချသတ်သေမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

ဖြစ်ပုံကတော့

ဒီနေ့နေ့လည် ( ၁၂ ) နာရီလောက်မှာ သေဆုံးသူက သီချင်းဆိုဖို့အခွေရှာမတွေ့တဲ့အတွက် မိဘတွေကိုမေးတဲ့အခါ ဆယ်တန်းစာမေးပွဲရှိနေတဲ့အတွက် စာမေးပွဲပြီးမှဆိုဖို့ မိဘတွေက ပြန်ပြောခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒီလိုပြောပြီးတော့ အမျိုးသားဟာ ခွေမထုတ်ပေးလည်းရတယ် လို့ကြိမ်းမောင်းပြောဆိုပြီး နောက်ဖေးလှေကားကနေ ခေါင်မိုးပေါ်တက်ပြီး ခုန်ချသတ်သေခဲ့တယ်လို့ဆိုပါတယ်။

အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဗိုလ်တစ်ထောင်ရဲစခန်းက အမှုဖွင့်စစ်ဆေးနေတယ်လို့သိရပါတယ်။

Gabriel




we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။