ဖော်ချွတ်တာဟာ မြန်မာအမျိုးသမီးတစ်ယောက်အနေနဲ့ ရွံစရာကောင်းပါတယ်ဆိုတဲ့ အန်တီနွဲ့နွဲ့စန်း

မြန်မာနိုင်ငံရဲ့ အနုပညာလမ်းကြောင်းပေါ်မှာ ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ကြာရှည်စွာရရှိနေပြီး ဆယ်စုနှစ်မက လျှောက်လှမ်းနေတဲ့ ဝါရင့်ဇာတ်ပို့ သရုပ်ဆောင် အန်တီနွဲ့နွဲ့စန်းဟာ တစ်ခေတ်တစ်ခါတုန်းက အနုပညာလောကမှ ထင်ပေါ်ကျော်ကြားတဲ့ မင်းသမီးချော တစ်ယောက်လည်း ဖြစ်ပါတယ်။ 

အန်တီနွဲ့နွဲ့စန်းဟာ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားများကို များစွာရိုက်ကူးခဲ့ပြီး ဇာတ်ကားတိုင်းမှာလည်း ဆေးစက်ကျရာ အရုပ်ထင်ရမယ်ဆိုတဲ့ အတိုင်း အကောင်းဆုံးနဲ့ အပီပြင်ဆုံး သရုပ်ဆောင်နိုင်ခဲ့တဲ့သူပါ။

ဒါ့အပြင် သူမဟာ မြန်မာတို့ရဲ့ မဟာသြင်္ကန်ပွဲတော်များမှာလည်း အမေများအဖွဲ့ဆိုတဲ့ နာမည်ရဲ့ ပရိတ်သတ်တွေကို အဖွဲ့လိုက် “က” ပြဖျော်ဖြေလေ့ရှိပါတယ်။ 

အန်တီနွဲ့နွဲ့စန်းက ယနေ့ခေတ်လူငယ်တွေနဲ့ ပတ်သက်ပြီး မြန်မာဆိုတာ ကမ္ဘာမှာ ဟီရိသြတ္တပတရားရှိတယ်ဆိုပြီး အရမ်းကို နာမည်ကြီးခဲ့တာ ဒါပေမယ့်လည်း ခေတ်ကိုက ဖော်နိုင်မှ ချွတ်နိုင်မှ နာမည်ကြီးမယ်လို့ထင်နေပြီး  အဲ့လို အမြဲဖော်ချွတ်နေတာဟာ ရေရှည်ကြည့်မယ်ဆိုရင် မြန်မာအမျိုးသမီးတွေအနေနဲ့ ရွံစရာကောင်းပါတယ်။

မိန်းမဆိုတာ ရှက်တတ်မှ ကြောက်တတ်တာ ကြောက်တတ်မှ ရှက်တတ်တာ ဒါပေမယ့် အခုခေတ် မိန်းကလေးတွေက ယောကျ်ားလေးတွေ အရက်(၁)ခွက်သောက်ရင် မိန်းကလေးတွေက (၅)ခွက်လောက် တွယ်ပြီးနေပြီလို့ သုံးသပ်ပြခဲ့ပါတယ်။ 

ခေတ်ရေစီးကြောင်းနဲ့အညီ ဖော်ချွတ်တာတွေဟာ မြန်မာ့ယဉ်ကျေးမှုနဲ့ နှိုင်းယှဉ်ရင် အမြင်မတင့်တယ်ပေမယ့် ယနေ့ခေတ် မိန်းကလေးတွေဟာ ဖော်နိုင် ချွတ်နိုင်မှ နာမည်ကြီးမယ် လူပိုသိမယ်လို့ တွေးထင်နေကြပါတယ်။ လူငယ်သဘော သဘာဝအရ ခေတ်ဆန်တာကောင်းပေမယ့် အရမ်းကြီး ခေတ်လွန်နေတာတွေကတော့ ထိန်းသိမ်းသင့်တယ်လို့ ထင်မြင်မိပါတယ်။  

Crd;

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။