အိမ်မှာလွယ်လွယ်ကူကူ ပူတင်းလုပ်စားကြမယ်

ပူတင်းက အနဲ့လေးကလည်းမွှေးပြီး စားလိုက်ရင်လည်း နူးညံ့တဲ့အရသာလေးနဲ့အရမ်းစားလို့ကောင်းပါတယ်။ လတ်ဆတ်တဲ့ ပူတင်းအိအိလေးကို စားချင်ရင်လုပ်နည်းကလွယ်လွယ်လေးပါ။ ဒီတော့ ပါဝင်ပစ္စည်းလေးတွေနဲ့ လုပ်နည်းအဆင့်ဆင့်လေးကို ပြောပြပေးမယ်နော်။


ပါဝင်ပစ္စည်းလေးတွေကတော့
၁. နွားနို့ (၁ ခွက်)
၂. သကြား (စားပွဲတင်ဇွန်း ၂ ဇွန်း)
၃. ရေ (စားပွဲတင်ဇွန်း  ၂ ဇွန်း)
၄. ထောပတ် (အနည်းငယ်)


ပြုလုပ်ပုံလေးကတော့
၁. အရင်ဦးဆုံး နွားနို့( ၁ ခွက်) နဲ့ သကြား (စားပွဲတင်ဇွန်း ၂ ဇွန်း) ထည့်ပြီး ကျိုလိုက်ပါမယ်။
၂. နောက်တစ်ခုကတော့ သကြား ( စားပွဲတင်ဇွန်း ၂ ဇွန်း) နဲ့ရေ (စားပွဲတင်ဇွန်း ၂ ဇွန်း) ထည့်ပြီး ကျိုထားပါ။
၃. ကပူတင်းထည့်မယ့်ခွက်ထဲသို့ ထောပတ်လေးတွေ နှံ့အောင်သုပ်လိုက်ပါ။
၄. ထောပတ်သုပ်ထားတဲ့ခွက်ထဲသို့ ကျိုထားတဲ့ သကြားအပျစ်ရည်လေးကို ထည့်ပေးပါ။
၅. ကျိုထားတဲ့ နွားနို့ထဲသို့ ကြက်ဥ ၃လုံးလောက်ထည့်ပြီး နာနာမွှေပေးပါ။ 
၆. ရလာတဲ့ကြက်ဥ အရည်တွေကို ဇကာလေးနဲ့စစ်ပြီး ထောပတ်သုပ်ထားတဲ့ခွက်ထဲသို့ ထည့်ပြီးအပေါ်ကနေ ခဲပတ်လေးအုပ်ပြီး အပူပေးလိုက်ပါ။
၇. နောက်မိနစ် ၂၀ လောက်နေရင် အရသာရှိတဲ့ ပူတင်းအိအိလေးကိုစားလို့ရပါပြီနော်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။