အာဆီယံနိုင်ငံတွေထဲက မြန်မာနိုင်ငံကို အမေရိကန်ရွေးချယ်လိုက်ပြီ

‘မြန်မာနှင့် အမေရိကန် အကြား စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရန် အာဆီ ယံဒေသတွင်း နိုင်ငံများတွင် ပထမ ဆုံးအဖြစ် အမေရိကန်စီးပွားရေး Corner ကို မန္တလေးမြို့၌ စတင် ဖွင့်လှစ်ခဲ့သည်။
အဆိုပါဖွင့်ပွဲ အခမ်းအနား ကို မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းရုံးတွင် မတ်လ ၁၂ ရက် က ပြုလုပ်ခဲ့သည်။

‘‘မြန်မာနဲ့ အမေရိကန်ကြား မှာ အင်မတန်ကောင်းတဲ့ ဆက် ဆံရေးတွေ ရှိပါတယ်။ ဒါကြောင့် နိုင်ငံနှစ်ခုအကြားက စီးပွားရေး လုပ်ငန်းအသိုင်းအဝိုင်းတွေနဲ့ နိုင် ငံသားတွေအချင်းချင်း ဆက်ဆံ ရေးအတွက်ကိုလည်း ပိုပြီးတော့ ကောင်းမွန်အောင် လုပ်ဖို့ ဆန္ဒ တွေရှိနေပါတယ်။

ဒီ Corner လေးကနေ အမေရိကန်က စီးပွားရေး အသိုင်းအဝိုင်းက လူတွေကို မြန် မာက စီးပွားရေးအသိုင်းအဝိုင်းနဲ့ လက်တွဲချိတ်ဆက်နိုင်ဖို့ ကူညီပေး မှာ ဖြစ်ပါတယ်’’ဟု အမေရိကန် သံအမတ်ကြီး စကော့မာစီရယ်က ပြောသည်။

အမေရိကန်အနေဖြင့် စီးပွား ရေး Corner ဖွင့်လှစ်ရန် မန္တလေး မြို့ကို ရွေးချယ်ရခြင်းမှာ မန္တလေးသည် တိုင်းပြည်၏ စီးပွားရေးအတွက် အချက်အချာကျသည့် နေ ရာတွင် တည်ရှိပြီး စီးပွားရေးလုပ်ငန်းများ ကောင်းမွန်စွာ လုပ်ကိုင်နိုင်မည့် နယ်ပယ်တစ်ခုဖြစ်အောင် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦး ဆောင်၍ ဝန်ကြီးများနှင့် မြို့တော်ဝန်အပါအဝင် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးနေသော ကြောင့်ဖြစ်သည်ဟု သံအမတ်ကြီးက ပြောသည်။

‘‘အမေရိကန်စီးပွားရေး Corner ကို အာဆီယံနိုင်ငံတွေထဲ မှာ မြန်မာကို ရွေးလိုက်တယ်၊ မြန်မာကမှ မန္တလေးကို ရွေးလိုက် တယ်ဆိုကတည်းက အထူးအခွင့် အရေးပေးလိုက်တာဖြစ်ပါတယ်။ ကုန်သွယ်ရေးနဲ့ စီးပွားရေးလုပ် ငန်းတွေ စတင်လုပ်မယ်ဆိုတဲ့ သန္နိဋ္ဌာန်ချမှတ်ပြီးတော့ ဒီရုံးခန်း လေးဖွင့်တာ ဖြစ်တဲ့အတွက် ပြည် သူတွေကိုယ်စား ကျေးဇူးတင်ပါ တယ်’’ဟု မန္တလေးတိုင်းဝန်ကြီး ချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

အမေရိကန်သည် အာရှတိုက်အတွင်း၌ ပထမဆုံး အမေရိကန်စီးပွားရေး Corner ကို ၂၀၁၁ အတွင်းက မြန်မာနှင့် အိမ်နီးချင်းနိုင်ငံဖြစ်သော အိန္ဒိယတွင် ဖွင့်လှစ်ခဲ့ပြီး ယခု ၂၀၁၉ တွင် အာဆီယံဒေသတွင်း နိုင်ငံများထဲ၌ မြန်မာနိုင်ငံတွင် ပထမဆုံး ဖွင့်လှစ်ခြင်းဖြစ်ကြောင်း အာဆီယံစီးပွားရေးဆိုင်ရာ ကောင်စစ်ဝန် Ms.Mar-garet Hanson Muse က ပြောသည်။

အမေရိကန်စီးပွားရေး Corner ကို မန္တလေးတိုင်း ကုန် သည်များနှင့် စက်မှုလက်မှုအ သင်းရုံးတွင် ရုံးခန်းတစ်ခုဖွင့်လှစ် ကာ နှစ်နိုင်ငံစီးပွားရေးနှင့် ကုန် သွယ်မှုမြှင့်တင်ရေးဆိုင်ရာ လုပ် ငန်းများ ချိတ်ဆက်ဆောင်ရွက် ပေးမည်ဖြစ်သည်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။