Homemade Hair Masks လုပ်နည်း

Hello!!!

ဒီတစ်ခါတော့ hair mask လေးတွေကို ကိုယ်တိုင်လုပ်ကြရအောင်။

Hair Mask က ဆံပင်အတွက် အရမ်းအကျိုးပြုပြီးတော့ ကိုယ်တိုင်လုပ်တာဆိုတော့ ပိုက်ဆံလဲအကုန်အကျသက်သာတယ်။ ready-made hair mask တွေကကျတော့ ဆံပင်ရဲ့ကျန်းမာရေးကို ပျက်စီးစေမဲ့ မလိုအပ်တဲ့ ပါဝင်ပစ္စည်းတွေ ပါဝင်နေနိုင်တယ်လေ။

ဆံပင်အတွက် အကျိုးပြုတဲ့သဘာဝပစ္စည်းတွေအများကြီးထဲကမှ ဝယ်ရလွယ်တာလေးတွေနဲ့လုပ်ကြည့်မယ်နော်။

Ariana Grande လို ဆံပင်ကောင်းကောင်းလေးရချင်ရင်တော့ hair mask လေးကို အချိန်ပေးပြီးလုပ်ဖို့လိုမယ်နော်။

၁။ ဆံပင်သန်စေဖို့

လိုအပ်တဲ့ပစ္စည်းတွေက

- ကြက်ဥ ၁လုံး (သို့) ၂လုံး (ဆံပင်အရှည်ပေါ်မူတည်၍)

- အုန်းဆီ(Coconut Oil) စားပွဲတင်ဇွန်း ၂ စွန်း (သို့) ၃ စွန်း

- သံလွင်ဆီ(Olive Oil) စားပွဲတင်ဇွန်း ၂စွန်း (သို့) ၄စွန်း

(၁) အုန်းဆီကို Microwave ထဲမှာပေါင်းပါ။ ရေနွေးအိုးထဲမှာ ပန်းကန်လုံးလေးထဲအုန်းဆီထည့်ပြီးပေါင်းလဲရပါတယ်။ အဓိက ကအုန်းဆီထဲ ရေမဝင်ဖို့ပါဘဲ။

(၂) ဦးရေပြားအနှံ့ကို ပေါင်းထားတဲ့ အုန်းဆီလေးနဲ့လိမ်းပြီး နှိပ်နယ်ပေးပါ (အုန်းဆီပူနေတဲ့အချိန်လိမ်းပေးရင် ပိုထိရောက်ပါတယ်)။ ဆံပင်တွေက စေးကပ်ကပ်တော့ဖြစ်နေပါလိမ့်မယ်။

(၃) ဆံပင်ကို Hair Cup (သို့) စွပ်ကျယ်အင်္ကျီလေးနဲ့သေချာပေါင်းပြီး အိပ်ယာဝင်ပါ။ ခေါင်းအုံးပေလဲကိစ္စမရှိဘူးဆိုရင်တော့ မပေါင်းလဲရပါတယ်။

(၄) နောက်တစ်ဆင့်ကို မလုပ်ခင် ဆံပင်ကို ရေအနည်းငယ်နဲ့ဆေးလိုက်ပါ။ (အုန်းဆီတွေအကုန်ပြောင်သွားဖို့မလိုပါ။)

တကယ်လို့အချိန်မရှိဘူးဆိုရင်တော့ ဒီ အုန်းဆီလိမ်းတဲ့အဆင့်ကိုကျော်ခဲ့လို့ရပါတယ်။ လုပ်နိုင်ရင်တော့ ပိုကောင်းတဲ့ effect ကိုရတာပေါ့နော်။

(၅) ကြက်ဥနဲ့သံလွင်ဆီကို ရောမွှေလိုက်ပါ။

(၆) ဆံဖျားအရင်းကနေ အဖျားထိလိမ်းပြီး hair cup နဲ့အုပ်ထားလိုက်ပါ။

(၇) ၁ နာရီလောက်ထားပြီး အနံ့ကောင်းတဲ့ ခေါင်းလျှော်ရည်နဲ့လျှော်ပါ (ကြက်ဥအနံ့နံနေမှာစိုးလို့ပါ)။ တကယ်လို့အနံ့ထွက်နေသေးရင် ၂ ခါလောက်လျှော်ပါ။ 

ပြီးရင်တော့ ပျော့ပျောင်းသန်စွမ်းတဲ့ဆံပင်ကို ရရှိမှာပါ။

၂။ ပျော့ပျောင်းတောက်ပစေဖို့

လိုအပ်တဲ့ပစ္စည်းတွေက

- ကြက်ဥတစ်လုံး

- ထောပတ်သီး တစ်ဝက်

- ဗာဒံဆီ(Almond Oil) စားပွဲတင်ဇွန်း ၂စွန်း

(၁) ထောပတ်သီးကို ကြက်ဥနဲ့ရောပြီးချေလိုက်ပါ။ ပျစ်သွားပြီဆိုရင် ဗာဒံဆီနဲ့ရောပါ။

(၂) ဆံပင်မှာလိမ်းပြီး နာရီဝက်ထားလိုက်ပါ။ ပြီးရင် ပျော့ဆေးပါတဲ့ shampoo နဲ့လျှော်လိုက်ပါ။ 

ဒီ hair mask က ဆံသားကို အရမ်းပျော့ပျောင်းစေတဲ့အပြင် ဗာဒံဆီက ဆံပင်ကိုတောက်ပစေပါတယ်။

၃။ ခြောက်သွေ့ပျက်ဆီးနေသောဆံသားတွေ ပြန်လည်ကောင်းမွန်စေဖို့

- ငှက်ပျောသီး ၁လုံး (သို့) ၂လုံး

- ဗာဒံနို့(Almond Milk) စားပွဲတင်ဇွန်း ၁စွန်း (သို့) ၂စွန်း

- အုန်းဆီ စားပွဲတင်ဇွန်း ၂စွန်း

(၁) ငှက်ပျောသီးကို အစိုင်အခဲလေးတွေလုံးဝမကျန်သည်အထိ ချေပါ။

(၂) ဗာဒံနို့၊ အုန်းဆီနှင့် ငှက်ပျောသီးအနှစ်ကို ရောမွှေပါ။

(၃) ဆံပင်မှာသုတ်လိမ်းပြီးတော့ အနည်းဆုံး (၁)နာရီလောက်ထားပါ။

(၄) ပြီးနောက် သေချာပြောင်အောင်လျှော်ပေးပါ။

တစ်ပတ်တစ်ခါ ပြုလုပ်ပေးခြင်းဖြင့် ပြန်လည်သန်မာကောင်းမွန်တဲ့ဆံသားကိုရရှိမှာပါ။ 

မှတ်သားရန်

တကယ်လို့ သင်က အဆီပြန်တတ်တဲ့ ဦးရေမျိုးဆိုရင်တော့ သံပုယိုရည်(သို့)ရှားစောင်းလက်ပက်နဲ့လိမ်းပြီး ဦးရေကအဆီတွေကို အရင်ဖယ်ရှားပါ။ သတိပြုရမှာက မိနစ် ၃၀ လောက်ပဲထားပြီး ဆေးပစ်ပါ။ မိနစ် ၃၀ထက်ပိုရင် ဦးရေခြောက်သွားတတ်လို့ပါ။

Joven

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။