လှည့်ကြည့်လိုက်တဲ့ ဒိုင်တွေကို ဆွံအသွားစေခဲ့တဲ့ The Voice Myanmar ပြိုင်ပွဲဝင် Judson Fish

မြန်မာတစ်နိုင်ငံလုံးက ပရိတ်သတ်တွေ ရင်ခုန်စွာ စောင့်မျှော်နေခဲ့ရတဲ့ The Voice Myanmar Season (2) Blind Audition ပွဲကြီးကတော့ လက်ရှိအချိန်မှာ ပရိတ်သတ်တွေ အရမ်းကို သဘောကျနှစ်သက်နေကြပြီး ပြသမယ့်အချိန်ကို ထိုင်စောင့်နေလောက်အောင်ကို အောင်မြင်နေပါတယ်။ 

ဒါ့အပြင် (၁)ပတ်ထက် (၁)ပတ် ပြိုင်ပွဲဝင်တွေထဲမှ အရည်အသွေးပိုမိုကောင်းသူတွေ ထွက်ပေါ်လာခဲ့ပြီး တကယ့်ကို အကြိတ်အနယ် ဖြစ်နေတာကို တွေ့ရပါတယ်။ ပြိုင်ပွဲဝင်တွေကလည်း တကယ့်ကို သီဆိုမှုကောင်းမွန်သူတွေဖြစ်တာကြောင့် ဒိုင်(၄)ဦးလည်း အတော်လေးကို သဘောကျနေကြပြီး သူ့ထက်ငါ ပိုပြီးအရွေးချယ်ခံချင်နေကြပါတယ်။

ဒီတစ်ခေါက်မှာလည်း The Voice Myanmar Season (2) ပြိုင်ပွဲဝင်တစ်ဦးရဲ့ သီဆိုမှုကို ဒိုင်(၄)ဦးလုံး သဘောကျနှစ်သက်လို့ လှည့်ကြည့်တဲ့အချိန်မှာ  မထင်ထားအောင် အံ့အားသင့်ခဲ့ရပါတယ်။ အဆိုပါ ပြိုင်ပွဲဝင်ရဲ့ နာမည်ကတော့ Judson Fish လို့ခေါ်ပြီး တေးရေးဆရာ အယ်ဖြူရဲ့ “မင်းမရှိလို့ မဖြစ်သီချင်း” ကို သီဆိုယှဉ်ပြိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် Judson Fish ဟာ Fashion designer တစ်ဦးဖြစ်ပြီး အနုပညာရှင်များစွာနဲ့လည်း ရင်းနှီးကျွမ်းဝင်မှုရှိပါတယ်။ ဒါကြောင့် ဒိုင်(၄)ဦးလုံးက ပြိုင်ပွဲဝင်တာမျိုးမဟုတ်ဘဲ လာရောက် နောက်ပြောင်တယ်လို့ ထင်ခဲ့ကြပါတယ်။ တကယ်တော့ Judson Fish ဟာ လာရောက်နောက်ပြောင်ခြင်းမျိုးမဟုတ်ဘဲ တကယ်ကို သီဆိုယှဉ်ပြိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိတ်သတ်ကြီးအနေနဲ့ Judson Fish ရဲ့ အရမ်းမိုက်တဲ့ အသံလေးကို နားထောင်ကြည့်ပြီး ဘယ်လောက်ဆွဲဆောင်မှုရှိသလဲဆိုတာ အောက်က Video လေးကို ကြည့်ပြီး Cmt လိုက်ခဲ့ပါဦးနော် ………..

Video ကြည့်ရန် ...........

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။