ဒုတိယမြောက်ရင်သွေးလေး မွေးဖွားလို့ပျော်ရွှင်နေတဲ့ မင်းရာဇာ

အက်ရှင်ဇာတ်ကားတွေနဲ့ ပရိသတ်အားပေးမှုကို တခဲနက်ရရှိထားတဲ့ သရုပ်ဆောင်မင်းရာဇာဟာ အနုပညာလောကမှ ကျရာဇာတ်ရုပ်ကို အကောင်းဆုံးနဲ့ အပီနိုင်ဆုံး သရုပ်ဆောင်နိုင်တဲ့အတွက် ရန်ကုန်ပရိတ်သတ်တွေထက် နယ်မှ ပရိတ်သတ်တွေက ပိုမိုချစ်ခင်အားပေးကြတဲ့ အနုပညာရှင်တစ်ယောက်ပါ။

ဒီကနေ့ မနက်ပိုင်းမှာတော့ မင်းရာဇာဟာ ဒုတိယမြောက်ရင်သွေးလေးဖြစ်တဲ့ သားယောကျ်ားလေး ထပ်မံမွေးဖွားခဲ့အတွက်  အပျော်ကြီး ပျော်ရွှင်နေပါတယ်။ မွေးဖွားပြီးနောက်ပိုင်းမှာ မင်းရာဇာရဲ့ ဇနီး မဖူးငုံပွင့်လည်း ကျန်းမာတယ်လို့ သိရပါတယ်။

မင်းရာဇာရဲ့ သားလေးကို မတ်လ(၁၉)ရက်နေ့ မနက်(၆)နာရီ (၁၃)မိနစ်မှာ Women Center မွေးဖွားခဲ့ပြီး မိခင်ရော ကလေးပါ ကျန်းကျန်းမာမာရှိတယ်လို့သိရပါတယ်။ သားငယ်လေးမှာ (၇)ပေါင်နဲ့ (၆)အောင်စရှိပြီး အသားလေးဖြူစွတ်ကာ ချစ်စရာလည်း အလွန်ကောင်းပါတယ်။

 

ယခင်က သမီးလေးတစ်ယောက်ပဲရှိတဲ့ မင်းရာဇာဟာ လက်ရှိအချိန်မှာတော့ သမီးတစ်ယောက် သားတစ်ယောက်ရှိလာပြီဆိုတော့ ရင်ထဲမှာ အရမ်းပျော်ပြီး အရမ်းလည်း ကြည်နူးမိတယ်လို့ ပြောပါတယ်။ ဒါ့အပြင် သားလေးက ကျနော့်ထက် အသားဖြူတယ် .. သမီးထက်လည်း အသားဖြူမယ်ထင်တယ်လို့ ရယ်မောပြောပြပါသေးတယ်။

မင်းရာဇာရဲ့ သမီးကြီးဖြစ်သူ သစ်သစ်မင်းရာဇာကလည်း မောင်ငယ်လေးကို အရမ်းချစ်တယ်လို့ မင်းရာဇာက ပြောပါတယ်။ “ သားလေးအတွက် နာမည်ကိုတော့ အစ်ကို သေချာလေး စဉ်းစားဦးမယ်။ သမီးလေးကတော့ သူ့မောင်လေးကို ကြည့်နေတာပဲ။ မောင်မောင်လေးရေ… မောင်မောင်လေးရေနဲ့ တစ်ချိန်လုံး အနားကပ်နေတာပဲ။ ဂုဏ်ပြုပေးကြတဲ့ အနုပညာညီအစ်ကို မောင်နှမတွေရော၊ မွေးဖွားရ အဆင်ပြေအောင် ဆုတောင်းပေးကြသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ် ” လို့ ပြောခဲ့ပါတယ်။

Crd;

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။