Peach Color ကိုကြိုက်နှစ်သက်တဲ့ကောင်မလေးတွေရဲ့လက္ခဏာရပ်များ

Peach Color ကတော့ ခုခေတ်မှာမိန်းကလေးအတော်များများကြိုက်နှစ်သက်လာတာတွေ့ရပါတယ်။

ပန်းရောင်နဲ့လိမ္မော်ရောင် ကြားထဲမှာရှိတဲ့အရောင်လေးပါ။ မက်မွန်သီးရောင်လေးပေါ့။

ဒီအရောင်ကိုကြိုက်နှစ်သက်တဲ့ကောင်မလေးတွေက ဘယ်လိုလူမျိုးတွေလဲဆိုတော့

ကိုယ်ရည်ကိုယ်သွေး

အမျက်ပြေငြိမ်းစေပြီး ဆွဲဆောင်မှုရှိတဲ့ ကိုယ်ရည်ကိုယ်သွေးမျိုးရှိပါတယ်။ ရန်လိုတာ၊ ရန်ငြိုးထားတာတွေ မရှိဘဲ ဒေါသပြေလွယ်သူတွေပါ။ သူကိုယ်တိုင်ကလဲ သူများတွေသူ့ကိုဂရုမစိုက်မှာ၊ အသုံးချခံရမှာ အလွန်ကြောက်ကြပါတယ်။ စိတ်ထိခိုက်လွယ်ပေမဲ့ ဘာမှမဖြစ်သလို ဟန်ဆောင်နေတတ်ကြပါတယ်။ သူတို့ရဲ့နွေးထွေးတဲ့စိတ်နေစိတ်ထားကြောင့် လူတွေရဲ့သတိထားခြင်းခံရလေ့ရှိပါတယ်။ နူးညံ့သိမ်မွေ့ပြီး နက်နဲတဲ့ အတွေးအခေါ်တွေရှိတဲ့ စိတ်ကူးယဉ်ဆန်သူတွေပေါ့။

အလုပ်အကိုင်

ဆွဲဆောင်မှုရှိတဲ့အပြင် အရမ်းကိုကြင်နာပြီး ဂရုစိုက်တတ်တဲ့သူမျိုးတွေဖြစ်တာကြောင့် သူနာပြု၊ ပြုစုစောင့်ရှောက်သူ၊ ငြိမ်းချမ်းရေးဆောင်ရွက်သူ၊ လူထုအကျိုးပြု၊ လူထုခေါင်းဆောင်၊ customer service ပေးသူ၊ အရောင်းဝန်ထမ်း၊ အနုပညာရှင်၊ stylist နဲ့decoration လုပ်ငန်းလုပ်ကိုင်သူများ ဖြစ်တတ်ကြပါတယ်။ တစ်ပါးသူကို အဆင်ပြေအောင်၊ စိတ်သက်သာအောင်၊ နွေးထွေးအောင် လုပ်ပေးရတဲ့အလုပ်တွေ၊  အနုပညာနဲ့ဆက်စပ်တဲ့ အလုပ်တွေကိုလုပ်ကိုင်လေ့ရှိကြပါတယ်။

အဆောင်ရတနာ

Peach အရောင်ကိုကြိုက်နှစ်သက်သူတွေဟာ သူတို့ရဲ့ကြန်အင်လက္ခဏာတွေဖြစ်တဲ့ ဝါသနာတွေ၊ ကျွမ်းကျင်မှုတွေနဲ့ဗီဇ တွေကို ကိုယ်စားပြုတဲ့ အရာတွေပေါင်းစပ်ထားတဲ့ ပစ္စည်းလေးတွေကို ကြိုက်နှစ်သက်ကြပါတယ်။ Peach color ချစ်သူတွေအနေနဲ့Sunstone ကို ဆောင်ထားမယ်ဆိုရင်တော့ ကိုယ်ရည်ကိုယ်သွေးကိုတက်စေပြီးတော့ လမ်းပျောက်နေချိန်မှာ လမ်းပြနှစ်သိမ့်ပေးနိုင်ပါတယ်တဲ့။

စိတ်စွမ်းရည်

ဆွဲဆောင်မှုရှိတာက သူတို့ရဲ့စိတ်စွမ်းအားပါဘဲ။ Peachy လေးတွေဟာ သူတို့လိုချင်တဲ့ရလဒ်ရဖို့ သူတို့ရဲ့စွမ်းရည်တွေကို လိုက်လျောညီထွေအောင်သုံးတတ်ကြပါတယ်။ သူတို့ရဲ့ပြိုင်ဘက်တွေနဲ့ရင်ဆိုင်ရတဲ့အချိန် (သို့) အခက်အခဲတွေ့တဲ့အချိန်မှာဆိုရင် သူတို့ရဲ့ဆွဲဆောင်မှုရှိခြင်းနဲ့ အမျက်ပြေငြိမ်းစေနိုင်ခြင်းဆိုတဲ့ လက်နက်တွေကိုထုတ်သုံးတတ်ပါတယ်။

ခန္ဓာကိုယ်အစိတ်အပိုင်း

Peachy လေးတွေရဲ့အားနည်းတဲ့အစိတ်အပိုင်းကတော့ ဝမ်းဗိုက်အပေါ်ပိုင်းနဲ့နောက်ကျော်အလယ်တဝိုက်ပါ။ အကြောရောဂါတွေ အလွယ်တကူဖြစ်နိုင်ပါတယ်။ 

ထပ်စောင်းအနေနဲ့

Peachy လေးတွေ ကံဆိုးခြင်းတွေနဲ့ကြုံနေရတယ်ဆိုရင် အပြာရောင်ပစ္စည်းလေးတွေ ဆောင်ပါ။

Joven

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။