မြန်မာ့တပ်မတော် page နဲ့ BTS Army Fan Page ကိုမှားပြီး hack မိတဲ့ ဘင်္ဂလားဒေ့ရှ်ဟက်ကာများ

ဒီဖြစ်ရပ်မတိုင်ခင်မှာ မြန်မာ့တပ်မတော် နဲ့ ဘင်္ဂလားတပ်မတော်တို့ ဆိုင်ဘာစစ်မြေပြင်အသွင်ဆောင်နေပြီး တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်ဆိုင်ဘာတိုက်ခိုက်မှုတွေဖြစ်ပေါ်ခဲ့ကြတယ်လို့သိရပါတယ်။

အခု ဘင်္ဂလားဒေ့ရှ် ဟက်ကာတွေက မြန်မာနိုင်ငံက Army Page တစ်ခုကို hack ပြီး ထိန်းချုပ်လိုက်တဲ့အကြောင်း လူမှုစာမျက်နှာတွေပေါ်မှာတက်လာခဲ့ပါတယ်။ Hacker တေံကတော့ ဒီ ( မြန်မာတပ်မတော်စာမျက်နှာ ) ဟာ ငါတို့ထိန်းချုပ်မှုအောက်ကို ရောက်ရှိသွားပြီ။ ကစားပွဲက အခုမှစတာ ဆိုပြီး ရေးသားထားပါတယ်။

မင်းတို့က ဘင်္ဂလားဒေ့ရှ် ဝက်ဘ်ဆိုဒ်တွေကို ဟက်ချင်တာလား .. မင်းတို့ကြိုက်သလို ခုန်ပျံကျော်လွှားပြီး ဟက် လို့ရရင် ဟက်ပါ လို့ရေးသားထားသလို .. ဖေ့စ်ဘွတ်ခ်မှာရှိသမျှ ဆိုဒ်တွေအကုန်လုံး ဒီက ( ဘင်္ဂလား ) က ညီအစ်ကိုတွေအပိုင်ဖြစ်စေရမယ် .. အခု ပါကစ္စတန်ကို စပြီးကစား ( တိုက်ခိုက် ) လိုက်ရအောင် " ဆိုပြီး ကပေါက်တိကပေါက်ချာတွေရေးသားထားတာပါ။

တကယ်တော့ သူတို့ ဟက်လိုက်တယ်လို့ပြောတဲ့ Page ဟာ ကိုရီးယားအမျိုးသား band တစ်ခုဖြစ်တဲ့ BTS ရဲ့ Fan page ဖြစ်ပြီး BTS Myanmar Army Group လို့ရေးသားထားတာပါ။ ကြည့်ရတာ ဟက်ကာတွေအနေနဲ့ မြန်မာ့တပ်မတော် နဲ့ BTS Army ကို သေချာမကြည့်ပဲ Hack မိတယ်ထင်ပါရဲ့ ....

Gabriel
Source - Sidhrath Sakin

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။