နေခြည်ဦးကို တစ်ဘဝလုံးလက်တွဲဖော်အထိရည်ရွယ်ထားတဲ့အကြောင်းထုတ်ပြောလာတဲ့သူမရဲ့ ချစ်သူ

ချစ်သူရဲ့ မွေးနေ့မှာ ဟာလီဒေးဗစ်ဆင် ဆိုင်ကယ်ကြီးပေးပြီး စပရိုက်စ် လုပ်ခဲ့တဲ့နေခြည်ဦးကို သူမရဲ့ချစ်သူက ပါရမီဖြည့်ဘက်တင်မဟုတ်ပဲ တစ်ဘဝလုံးစာလက်တွဲဖော်အထိရည်ရွယ်ထားတဲ့အကြောင်းကို ရိုမန့်တစ်ဆန်ဆန်လေးထုတ်ဖော်ပြောကြားခဲ့တာကြောင့် နေခြည်ဦး ရဲ့ပရိသတ်တွေအရမ်းသဘောကျနေကြပါတယ်။


သူမရဲ့ချစ်သူကတော့ " အတူရှိနေပေးတာရယ် .. မွေးနေ့လေးကို အမှတ်တရဖြစ်အောင်လုပ်ပေးတာရယ်နဲ့တင် တကယ်ကျေးဇူးတင်တယ် .. ပါရမီဖြည့်ဘက်တင်မဟုတ်ပဲ ဘဝလက်တွဲဖော်အထိ ဒီမွေးနေ့ကနေစပြီး နောက်မွေးနေ့တွေအထိအများကြီးဖြတ်သန်းချင်တယ် နေခြည် " ဆိုပြီး ရေးသားထားတာပါ။

နှစ်ယောက်သားကိုယ်စီအလုပ်တွေများနေကြပေမယ့် ရင်ဘတ်ချင်းနီးစပ်မှုရှိတာကြောင့် သူတို့ရဲ့အချစ်ရေးက သာယာပျော်ရွှင်စရာတွေဖြစ်နေတာပါ။ ချစ်တတ်လွန်းတဲ့ နေခြည်ဦး တို့အတွဲကို Like and Share လေးနဲ့ ဂုဏ်ပြုလိုက်ကြပါဦး။

Gabriel

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။