ဖုန်းလက်ဆောင်ပေးတဲ့ ပိုင်ဖြိုးသုရဲ့ စေတနာကို ကျေးဇူးတင်နေတဲ့ နှိုင်းယှဉ်မြင့်မိုရ်

ဇာတ်ပို့သရုပ်ဆောင် နှိုင်းယှဉ်မြင့်မိုရ်ဟာ သူမရဲ့ အသုံးပြုနေတဲ့ ဖုန်းလေး ပျက်သွားလို့ စိတ်မကောင်းဖြစ်နေချိန်မှာ ပရိတ်သတ်အချစ်တော် မြဝင်းလို့ ချစ်စနိုးခေါ်တဲ့ ပိုင်ဖြိုးသုရဲ့ စကားလေးကြောင့် အရမ်းကို ပျော်ရွှင်နေပါတယ်။ သုသုဟာ သူမ အသုံးမပြုရသေးဘဲ အသစ်တိုင်းရှိနေသေးတဲ့ ဖုန်းတစ်လုံးကို နှိုင်းယှဉ်မြင့်မိုရ်အတွက် စေတနာထားပြီး လက်ဆောင်ပေးခဲ့ပါတယ်။

 “ မနက်က စာဝင်လာတယ်။ မကြီးဖုန်းပျက်သွားလို့ဆို .. ဆိုပြီး Oppo F9 လာယူနော်တဲ့။ တစ်ခါကလည်း လူဆိုးကားရိုက်မလို့ လည်သာတွေရှာနေတာသိတော့ အိမ်မှာလာယူ သမီးထုတ်ထားမယ်တဲ့။ သူတပါးကို ပေးကမ်းတာ၊ သူတပါးဒုက္ခရောက်ရင် ကူညီတတ်တာ၊ ဆင်းရဲတာ ချမ်းသာတာနဲ့ မဆိုင်ဘူး။ သူ့ဝမ်းတွင်းထဲကကိုပါလာကြတာ သုသုရေ ဒီထက်မက အောင်မြင်မှုတွေ စိတ်ချမ်းသာမှုတွေ ဆက်တိုက်လာပါစေ။ လူတိုင်းအပေါ် စေတနာလွန်ကဲတတ်သော ညမလေး တူသောအကျိူးတွေပေးပါစေ ” ဆိုပြီး နှိုင်းယှဉ်က သူ့ရဲ့ လူမှုကွန်ယက်ပေါ်မှာ ရေးသားထားတာပါ။

ဘယ်သူ့ကိုမဆို ခွဲခြားဆက်ဆံတာမျိုးမရှိဘဲ စေတနာကောင်းလွန်းတဲ့ သုသုလေးရဲ့ လုပ်ရပ်ကြောင့် ပရိတ်သတ်တွေ ဝမ်းသာပီတိတွေဖြစ်နေကြပြီး ချီးကျူးသြဘာများလည်း ပေးနေကြပါတယ်။ ဗိုလ်အောင်ဒင်နဲ့ မြဝင်းဆိုတဲ့ ဇာတ်ကားမှ မြဝင်းဆိုပြီး တဖြည်းဖြည်း နာမည်ရလာတဲ့ သုသုဟာ (၂၀၁၈)ခုနှစ်က ပေးအပ်တဲ့ အမျိုးသမီးဇာတ်ဆောင်ဆုကိုလည်း ရရှိခဲ့ပါတယ်။ ဒါ့အပြင် မကြာခင်ကျရောက်တော့မယ် အကယ်ဒမီပေးပွဲ စကာတင်စာရင်းမှာလည်း သူမပါဝင်ရိုက်ကူးထားတဲ့ “ မီ ”ရုပ်ရှင်ဇာတ်ကားကြီး ပါဝင်တာကြောင့် ပရိတ်သတ်တွေက ဒီနှစ်လည်း သူမကို အကယ်ဒမီရစေချင်ကြပါတယ်။

Crd; Nhying Shin FB

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။