ကိုယ့်ရဲ့ ချစ်ဇနီးလေးကို ပျော်အောင်လုပ်နည်း ( ၇ ) နည်း။

ယောကျ်ားလေးတစ်ယောက်အတွက် အိမ်ထောက်ကျလာတဲ့အခါမှာ ကိုယ့်ရဲ့ ဇနီးမယားဆိုတာ ကိုယ့်ဘဝ အစိတ်အပိုင်းတစ်ခုအတွက် အရေးပါတဲ့ လူတစ်ယောက်ပါ။ ကိုယ်ရဲ့ ခက်ခဲတဲ့အချိန်တွေကို ဘေးနားကနေ ဖြေသိမ့်ပေးနိုင်တာလည်း ကိုယ့်ဇနီးပါပဲ။ ကိုယ့်ကလေးတွေကို ပြုစုစောင့်ရှောက်ပေးတာလည်းကိုယ့်ချစ်ဇနီးပါပဲနော်။ ဒါပေမယ့် လူဆိုတာ အမြဲတမ်းပျော်နေနိုင်တာမဟုတ်ပါဘူး။

စိတ်ညစ်စရာတွေကြုံရတဲ့အခါတွေလည်း ရှိတတ်ပါတယ်။ အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့ ကိုယ်ချစ်ဇနီးလေး စိတ်မပျော်နိုင်တဲ့အချိန်မှာ ဘယ်လိုအကောင်းဆုံးလုပ်ဆောင်ပေးရမလဲဆိုတာ စဉ်းစားဖူးရဲ့လား။ မစဉ်းစားဖူးဘူး ဆိုရင်တော့ ဒီလိုအခြေအနေမျိုးတွေ ကြုံလာနိုင်တဲ့အခါ အောက်ကအချက်တွေအတိုင်းဖန်တီးပေးလိုက်တော့နော်။

( ၁ ) Ro ဆန်တဲ့နေရက်တွေ့ ဖန်တီးပါ


ချစ်သူရည်စာဘဝက ဘယ်လိုပဲချစ်ခဲ့ကြအမှတ်တရတွေရှိခဲ့ကြပါ။ အိမ်ထောင်ကျပြီးရင်လည်း အကောင်းဆုံးသော အချိန်တွေကို ပိုင်ဆိုင်ချင်ကြမှာပါ။ ဒါကြောင့် ရိုမန်တစ်ဆန်တဲ့ အချိန်လေးတစ်ခုဖန်တီးပေးလိုက်ပါ။ သူမကို စားသောက်ဆိုင် တစ်ခုခုမှာပဲဖြစ်ဖြစ်၊ မြို့ပြင်ထွက်ပြီး ကားထွက်စီးတာပဲဖြစ်ဖြစ်၊ သာယာတဲ့ Short Trip တစ်ခုကိုပဲဖြစ်ဖြစ် စီစဉ်လိုက်ပါ။ သူမ တကယ်ဝမ်းသာပီတိဖြစ်လာပါလိမ့်မယ်။

( ၂ ) ရီစရာပုံပြင်တွေပြောပြပါ


ဘယ်သူမဆို စိတ်ပင်ပန်းနေတဲ့အချိန်မှာ ပျော်ရွှင်ချင်နေကြတာတွေကြီးပါပဲ။ အထူးသဖြင့် မိန်းကလေးတွေ ရယ်မောခြင်းကို နှစ်သက်ကြပါတယ်။ ဒါကြောင့်မို့လို့ ပျော်စရာ ရီစရာ ဟာသလေးတွေပြောပြပါ။ ဒါမှမဟုတ် ကိုယ့်ဘဝမှာ ကြုံဖူးခဲ့တဲ့ ရီစရာလေးတွေ ပြန်လည် မျှဝေပေးလိုက်ပါ။


( ၃ ) လက်ဆောင်ပေးပါ


ကိုယ်ပေးမယ့်လက်ဆောင်ဟာ ဈေးကြီးစရာလည်းမလိုပါဘူး။ သူမအတွက် အမှတ်တရဖြစ်မယ်ဆိုတဲ့အရာမျိုးဆိုရပါပြီ။ နှင်းဆီးပန်းတွေဆိုလည်း ရပါတယ်။ သိတဲ့အတိုင်းပါပဲ။ မိန်းကလေးတွေဆိုတာပန်းချစ်တယ်လေ။


( ၄ ) အိမ်မှုဝေယျာဝစ္စတွေ ကူလုပ်ပေးပါ


နေ့တိုင်းလုပ်နေရတဲ့ အိမ်မှုကိစ္စတွေဟာ တခါတလေ သူမကို  ငြီးငွေ့စရာတွေဖြစ်နေမှာပါ။ ကိုယ်ရဲ့ ပိတ်ရက်လေးမှာပဲဖြစ်ဖြစ် အားတဲ့အချိန်မှာ သူမကို အိမ်တွင်းအလုပ်တွေဝိုင်းပြီး လုပ်ဆောင်ပေးခြင်းဟာလည်း ပျော်စရာကောင်းမှာပါ။

( ၅ ) သူမအတွက် ညစာချက်ကျွေးပါ


ကိုယ့်ဇနီးက ကိုယ့်ရဲ့ လက်ရာကို တခါတလေတော့ စားကြည့်ချင်မှာပဲ။  ဒါကြောင့်မို့လို့ သူမရဲ့ အကြိုက်ကို ချက်ပြုတ်ပေးပြီး ပျော်ရွှင်စရာကောင်းတဲ့ ညစာအချိန်လေးကို ဖန်တီးပေးလိုက်ပါ။


( ၆ ) ဈေးဝယ်တူတူ ထွက်ကြပါ။


မိန်းကလေးတိုင်း ဈေးဝယ်ထွက်တာ ကြိုက်ကြပါတယ်။ ဒါကြောင့်မို့လို စိတ်တွေ လွတ်လပ်သွားအောင် ဈေးဝယ်ထွက်ဖို့ သူမကို ခေါ်ပါ။


( ၇ ) သီချင်းဆိုပြီး ကပြပါ


သူမကြိုက်တဲ့ သီချင်းတွေကို ဆိုပြီး Performance လုပ်ပြပါ။ သေချာတယ်။ သင့်ရဲ့ အပျော်ဟာ သူမဆီကို ကူးစက်သွားပါလိမ့်မယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။