သမီးလေးရဲ့ ဖေဖေ၊ သူမရဲ့ ခင်ပွန်းဟောင်းကို ဖော်ပြလိုက်တဲ့  လုလုအောင်

ပရိသတ်အချစ်တော် မော်ဒယ်လုလုအောင်ဟာ လူမှုကွန်ယက်နဲ့ အွန်လိုင်းမီဒီယာများမှတဆင့် တဖြည်းဖြည်း လူသိများလာပြီး အချိန်တိုလေးအတွင်းမှာ နာမည်ကြီးလာခဲ့ပါတယ်။ သူမဟာ Sexy Model တစ်ယောက်ဖြစ်တဲ့အတွက် သူမကို ဝန်းရံတဲ့ ပုရိသတွေများစွာရှိပြီး အဆိုပါ ပုရိသတွေရဲ့ နှုတ်ဖျားမှာ သူမနာမည်ဟာ တသသ ပြောဆိုလောက်အောင်ကို အလှသတင်းကြီးလှပါတယ်။

သူမဟာ Single Mother တစ်ယောက်အဖြစ် ရပ်တည်လာခဲ့ပြီး သမီးလေးကိုလည်း မိခင်မေတ္တာအပြည့်အဝပေးကာ ပြုစုပျိုးထောင်နေတယ်ဆိုတာ ပရိသတ်အားလုံးလည်း သိပြီးသားဖြစ်ကြမှာပါ။ ဒါ့အပြင် တဖြည်းဖြည်းနဲ့ အောင်မြင်ကျော်ကြားလာခဲ့တဲ့ မော်ဒယ်လုလုအောင်ဟာ ငယ်ရွယ်နုပျိုတဲ့အပြင် တောင့်တင်းတဲ့ ခန္ဓာကိုယ်လည်းရှိတာကြောင့် သူမကို ချစ်ခင်မြတ်နိုးတဲ့ ပုရိသတွေများစွာရှိခဲ့ပါတယ်။ 

ဒါ့အပြင် လုလုအောင်ဟာ တစ်ပင်လဲမူ တစ်ပင်ထူတာမျိုးဖြစ်တဲ့ နောက်ထပ် အိမ်ထောင်ပြုခြင်းမျိုးကို မပြုလုပ်သေးပေမယ့် သူမရဲ့ အရင်ခင်ပွန်းဟောင်းဖြစ်သူနဲ့ သူမတို့ ဆက်ဆံရေးကတော့ လက်ရှိအချိန်မှာ မိတ်ဆွေ၊ သူငယ်ချင်းတွေသာဖြစ်ကြောင်း လူမှုကွန်ယက်ကတဆင့် ပရိသတ်တွေကို ချပြခဲ့ပါတယ်။

သူမနဲ့ သူမရဲ့ ခင်ပွန်းဟောင်းဟာ အကြောင်းအမျိုးမျိုးကြောင့် အိမ်ထောင်ရေးုပြတ်ဆဲပြီး လမ်းခွဲခဲ့ကြပေမယ့်လည်း သမီးလေးရဲ့ (၁၂)နှစ်ပြည့် မွေးနေ့မှာ ပြန်လည်ဆုံတွေ့ခဲ့ကြပြီး မွေးနေ့ရှင်သမီးလေးရဲ့ ပျော်ရွှင်မှုကို ဖန်တီးပေးခဲ့ကြပါတယ်။ လုလုအောင်ရဲ့ ခင်ပွန်းဟောင်းကတော့ လက်ရှိမှာ Travel & Tour လုပ်ငန်းစု တစ်ခုကို ဦးဆောင်လုပ်ကိုင်နေသူဖြစ်ပြီး လူရိုးလူအေးတစ်ယောက်ဖြစ်သလို လက်ရှိမှာ သူကိုယ်တိုင်လည်း လူလွတ်တစ်ယောက်ဖြစ်ပါတယ်။

နှစ်ယောက်စလုံး လက်ရှိအချိန်ထိ တရားဝင်ချစ်သူမရှိသေးတဲ့အတွက် လုလုအောင်ကို ဝန်းရံတဲ့ ပရိသတ်အချို့လည်း သဝန်တိုနေကြပါတယ်။ ကဲ … လုလု လုလုနဲ့ ဖြစ်နေကြတဲ့ ဘဒိုတွေအတွက် ဖော်ပြလိုက်တယ်နော် …။

Crd; Lulu Aung FB

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။