သီဟသုဓမ္မသိင်္ဂီဘွဲ့ကို စိန်အပွင့်ရေ ( ၇၀၀၀ ) ကျော်ပါဝင်တဲ့ရွှေအင်္ကျီနဲ့တက်ရောက်ယူခဲ့သူ

နိုင်ငံတော်က ပေးအပ်ချီးမြှင့်တဲ့ သီဟသုဓမ္မသိင်္ဂီဘွဲ့ကို ရရှိသူတွေထဲမှာ အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်း ရဲ့ ဇနီးဖြစ်သူလည်း အပါအဝင်ပါပဲ။ အဲ့ဒီပွဲမှာ စိန်အပွင့်ရေ ( ၇၀၀၀ ) နဲ့ဖန်တီးချုပ်လုပ်ထားတဲ့ အင်္ကျီနဲ့တက်ရောက်ယူခဲ့တဲ့အကြောင်းကို အောင်သမာဓိရွှေဆိုင်က အွန်လိုင်းစာမျက်နှာပေါ်မှာ ဖော်ပြခဲ့ပါတယ်။


စိန်အင်္ကျီ - ရွှေတစ်ပိဿာ ၇၀ ကျပ်သား ( ၁၅ ပဲရည်ပြည့် ရွှေစစ် ) စိန် အပွင့် - ၇၀၀၀ ခန့်၊ စိန်အင်္ကျီတစ်ထည်လုံးရဲ့ တီထွင်ဖန်တီးမှုအားလုံးကို အောင်သမာဓိစက်ပန်းထိမ်မှ မူပိုင်ထုတ်လုပ်ထားပြီး ၁၅ ပဲရည်ရွှေအစစ်ဖြင့် ဖန်တီးထုတ်လုပ်ထားသော တော်ဝင်အနုပညာလက်ရာဆန်းတစ်ခု ဆိုပြီး အောင်သမာဓိရွှေဆိုင်ရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားတာဖြစ်ပါတယ်။

Gabriel

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။