သဘာဝပစ္စည်းတွေနဲ့ဆံပင်ကိုအရောင်ဆိုးကြမယ်


ဓာတုပစ္စည်းတွေကြောင့် ဆံပင်နဲ့ဦးရေပြားပျက်စီးမှာ ကြောက်သူတွေ၊ ဆံပင်ဆိုးဆေးတွေနဲ့ဓာတ်မတည့်သူတွေ အတွက် သဘာဝအတိုင်း ဆံပင်အရောင်ဆိုးနည်းလမ်းလေးတွေကို ဝေမျှလိုက်ပါတယ်။

ကော်ဖီ

Dark Brown or Chocolate Brown အတွက်ဆိုရင်တော့ ကော်ဖီမှုန့်ကိုသုံးပါ။
ကော်ဖီမှုန့်နဲ့ဆံပင်ပျော့ဆေးသာလိုအပ်ပါတယ်။ ဆံပင်အရှည်ပေါ်လိုက်ပြီး အဆင်ပြေသလို ရောစပ်ပါ။
(ဥပမာ- ကော်ဖီမှုန့်လဖ္ဘရည်ဇွန်း ၄ စွန်း + ဆံပင်ပျော့ဆေး ခွက်တစ်ဝက်) ၁၅/၂၀ မိနစ်လောက် ရောစပ်ပြီးမွှေပေးပါ။
ဆံပင်မှာသုတ်လိမ်းပြီး hair cup နှင့် ၁နာရီလောက်အုပ်ထားလိုက်ပါ။ ပြီးလျှင်ရေဆေးချလိုက်ပါ။ ခေါင်းလျှော်ရည်မသုံးပါနဲ့။ ထိုနည်းအတိုင်း ၂ရက် ဆက်တိုက်လုပ်ပေးပါ။

ပန်း


ဂန်ဒီပန်း၊ မေရီဂိုးလ်ပန်း၊ ခေါင်ရမ်းပန်း၊ နှင်းဆီသီး(နှင်းဆီပွင့်ဖတ်လေးတွေကြွေသွားပြီး ကျန်ခဲ့တဲ့ဘုလုံးလေးကိုဆိုလိုတာပါ) စတာတွေကတော့ အနီရောင်(သို့) လိမ္မော်ရောင် သန်းတဲ့ဆံပင်အရောင်အတွက် သုံးလို့ရပါတယ်။
ပွင့်ဖတ်/အသီး လေးတွေကို ချေမွပြီး ကျိုလိုက်ပါ။ အအေးခံပြီး ဆံပင်မှာသုတ်လိမ်းပါ။ ဖြစ်နိင်လျှင် နေရောင်အောက်မှာ ဆံပင်ကိုအခြောက်ခံပါ။
(နေရာဒေသလိုက်ပြီး ပန်းအခေါ်အဝေါ်လေးတွေမတူနိုင်တာမို့အမှားပါရင်သည်းခံပေးပါ)

သကြားမုန်လာ နှင့် မုန်လာဥနီ


သကြားမုန်လာကတော့ အနီရောင်အတွက်ဖြစ်ပြီးတော့ မုန်လာဥနီကတော့ လိမ္မောရောင်အတွက်ပါ။
ကြိတ်ပြီးတော့ အရည်စစ်ထုတ်ပါ။ ဆံပင်မကြမ်းအောင်လို့အုန်းဆီထည့်ပြီး မွှေပေးပါ။
ဆံပင်မှာလိမ်းပြီးတော့ ဆံပင်ကို အုပ်ထားပါ။ အနည်းဆုံး ၁ နာရီလောက်ထားပါ။ ရေဆေးချပြီးလျှင် ပန်းသီးဗနီကာအရည်လေး ဖြန်းပေးပါ။

ဒန်းရွက်


အသားညိုသူတွေနဲ့လိုက်ဖက်တဲ့အရောင်လိုချင်ရင်တော့ ဒန်းရွက်ကိုသုံးပါ။
လိမ္မော်နီရောင် ထွက်လာစေရန် ဒန်းအရည်ထဲကို ဗနီကာ စားပွဲတင်ဇွန်း၁စွန်းလောက်ထည့်ပေးပါ။ ဗနီကာနေရာမှာ သံပုယိုသီးတစ်လုံး ညှစ်ထည့်လဲရပါတယ်။
အရည်ကျိုပြီး အအေးခံပါ။ ညအိပ်ခါနီး လိမ်းပီး ပလက်စတစ်နဲ့ဆံပင်ကိုထုပ်ထားပါ။  မနက် ရောက်လျှင်ရေဆေးချလိုက်ပါ။ ၁ရက် ၂ ရက်လောက်တော့ ခေါင်းလျှော်ရည်မသုံးပါနဲ့။
ဒန်းနဲ့ဆိုးတာဟာ ကြာရှည်လဲခံသလို ရက်ကြာလေ အရောင် ငြိမ်ငြိမ်လေးနဲ့ပိုလှလာလေပါ။




we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။