Work Out လုပ်ပြီးတိုင်း သောက်ပေးသင့်တဲ့ နို့ချောကလတ်

ပရိုတင်းနဲ့ ကယ်လ်စီယမ်


နို့တွေမှာ အထူးသဖြင့် ချောကလတ်နို့တွေမှာ အရိုးအတွက်နဲ့ သွားကျန်းမာရေးအတွက်ကောင်းမွန်စေတဲ့ ပရိုတင်းနဲ့ ကယ်လ်စီယမ် များစွာပါဝင်ပါတယ်။ သင့်ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေ ကောင်းမွန်စေရန်နဲ့ Fit ဖြစ်စေရန် ကယ်လ်စီယမ်တွေ ပရိုတင်းတွေ များများသုံးဆောင်ပေးရတယ်။ အားကစားလုပ်ပြီးတိုင်း သင့်ခန္ဓာကိုယ်ထဲက ဆလ်တွေဟာ တဖန်ပြန်လည်မွေးဖွားလာတတ်ပါတယ်။ ချောကလတ်နို့ဟာ ထိုဖြစ်စဉ်တွေကို ဆောင်ရွက်ပေးနိုင်တဲ့အတွက်ကြောင့် Work Out လုပ်ပြီးတိုင်း ချောကလတ်နို့သောက်သုံးပေးဖို့ပြောချင်ပါတယ်။

ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးတယ်


တချို့သူတွေက သူ့တို့ရဲ့ Diet Plan မှာ Milk ကိုချန်ခဲ့ကြတာများတယ်။ မည်သို့ပင်ဖြစ်စေ အဆီဓာတ်နည်းပါးတဲ့နို့တွေဟာ ကိုယ်အလေးချိန်ကို ထိန်းသိမ်းနေတဲ့ ဒါမှမဟုတ် ဝိတ်လျှော့နေတဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ အရမ်းကိုအသုံးဝင်ပါတယ်။ Work Out လုပ်ပြီးတိုင်း ချောကလတ်နို့တစ်ခွက်သောက်ပေးခြင်းဟာလည်း သင့်ရဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးနိုင်ပါတယ်။

အရိုးနှင့်သွားကျန်းမာရေး


နို့ချောကလတ်မှာ ကယ်လ်စီယမ် များစွာပါဝင်နေတဲ့အတွက်ကြောင့် အရိုးများကိုလည်း သန်မာစေပါတယ်။ သွားများကိုလည်း ခိုင်မာစေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နို့ချောကလတ်မှာ ဗီတာမင် D ပါဝင်နေတဲ့အတွက် သွားများကို ခိုင်မာစေပြီး ဘက်တီးရီးယားပိုးမွှားတွေကိုလည်း တိုက်ခိုက်ပေးနိုင်ပါတယ်။

ကြွက်သားတွေကို ပြန်လည်တည်ဆောက်ပေးတယ်


နို့ချောကလတ်ဟာ သင့်ကြွက်သားအတွင်းမှာလိုအပ်နေတဲ့ ပရိုတင်းဓာတ်တွေကို တိုးပွားစေပါတယ်။ သင် Work Out လုပ်ပြီးတိုင်း ကြွက်သားတွေဟာ ပျက်စီးလာတတ်တယ်။ အလေးတွေမပြီး Activities တွေအရမ်းလုပ်ရင် ကြွက်သားတွေ နာလာတတ်တယ်။ ဒါကြောင့် ပျက်စီးသွားတဲ့ သင့်ရဲ့ ကြွက်သားတွေကို ပြန်လည် Fit ဖြစ်ဖို့ နို့ချောကလတ်က ကူညီပေးနိုင်ပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။