အချိန်တိုလေးအတွင်း ပုရိသများစွာ ဝန်းရံခြင်းခံလိုက်ရတဲ့ ဦးဝင်းမြိုင်ရဲ့ သမီးချောလေး အိပြည့်

ပရိသတ်တွေ လက်ခံအားပေးခဲ့တဲ့ မြန်မာ့ရုပ်ရှင် ဇာတ်ကားတွေထဲက အဖေခန်း၊ ဦးလေးခန်း၊ ကုမ္ပဏီသူဌေးခန်းတွေမှာ ဇာတ်ပို့သရုပ်ဆောင်အဖြစ် ရိုက်ကူးနေတဲ့ ဦးဝင်းမြိုင်ဟာ ဇာတ်ရုပ်တစ်ခုကို အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ သူတစ်ဦးပါ။

ဦးဝင်းမြိုင်ဟာ ဇာတ်ကားတစ်ကားရဲ့ အဓိကကျတဲ့ အခန်းကဏ္ဍတွေမှာ သရုပ်ဆောင်လေ့ရှိတဲ့အပြင် မင်းသမီးချောလေးတွေရဲ့ ဖခင်အဖြစ်လည်း သရုပ်ဆောင်လေ့ရှိပါတယ်။ ဒါပေမဲ့ ဇာတ်လမ်းထဲမှာဘဲ သမီးချောလေးတွေရဲ့ဖြစ်ရတဲ့သူမဟုတ်ဘဲ အပြင်လက်တွေ့ ဘဝမှာလည်း တကယ့် ချောမောလှပတဲ့ သမီးချောလေးတစ်ဦးကို ပိုင်ဆိုင်ထားပါတယ်။

ပြီးခဲ့တဲ့ (၂၀၁၈)ခုနှစ် အကယ်ဒမီပေးပွဲကြီးကို ဦးဝင်းမြိုင်ဟာ ဇနီသည်နဲ့အတူ သမီးချောလေးကိုပါ ခေါ်ဆောင်ပြီး တက်ရောက်ခဲ့ပါတယ်။ အဲ့နောက် ပရိသတ်တွေ တစ်ခါမှ မြင်တွေ့ဖူးခြင်းမရှိသေးတဲ့ ဦးဝင်းမြိုင်နဲ့ သမီးချောလေးတို့ရဲ့ ဓာတ်ပုံကို လူမှုကွန်ယက်ပေါ်မှာ မြင်တွေ့လိုက်ချိန်မှာတော့ ပရိသတ်များစွာက ဦးဝင်းမြိုင်ကို “ ယောက္ခမကြီး လျှိုတယ် ” ဆိုပြီး စနောက်ခဲ့ကြပါတယ်။

တကယ်လည်း အပြစ်ကင်းစင်တဲ့ မျက်နှာလေးနဲ့ ပြုံးလိုက်တိုင်း သက်တန့်ကြီးတောင် ကွေးလောက်တဲ့ အိပြည့်လေးရဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအနေနဲ့ တွေ့မြင်ဖူးအောင် ဖော်ပြပေးလိုက်ပါတယ်နော် …။ 

 Source; Ei Pyae FB

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။