တစ်ကမ္ဘာလုံးက မွေးနေ့ကို ဂုဏ်ပြုပေးလိုက်ကြတဲ့ ထိုင်းအဖွဲ့ဝင် Lisa

တောင်ကိုရီးယား နာမည်ကြီးအဆိုတော်အဖွဲ့ဖြစ်တဲ့ BLACKPINK ရဲ့ အငယ်ဆုံး အဖွဲ့ဝင်လေး  Lisa ကတော့ ဒီနေ့မှာ ကျရောက်တဲ့ March လ 27 ရက်နေ့ သူမရဲ့ 22 နှစ်ပြည့်မွေးနေ့မှာ တစ်ကမ္ဘာလုံးက ပရိသတ်တွေက ဂုဏ်ပြုပေးခဲ့ကြပါတယ်။


အရင်ကတည်းက social media queen ဖြစ်ခဲ့တဲ့ Lisa ဟာ Instagram မှာလည်း Folower အများဆုံးဖြစ်ခဲ့တဲ့ Female Idol တစ်ယောက်ဖြစ်ခဲ့ပါတယ်။ အခုတစ်ခါ လည်း Twitter စာမျက်နှာပေါ်မှာလည်း သူမရဲ့ မွေးနေ့အတွက် #AceLalisaDay ဆိုပြီး Mention ပေါင်း 1 Million ကျော် ဂုဏ်ပြုပေးခဲ့ကြပါတယ်။

Worldwide  BLINK တွေက သူမအတွက်trending  No.1 ဖြစ်အောင် ဆုတောင်းပေးခဲ့ပြီး ဒုတိယအကြိမ်မြောက် Social media Queen အဖြစ် စံချိန်တင်ခဲ့ပါပြီ။

ဒီနေ့တစ်နေလုံး သူမအတွက် ဂုဏ်ပြုပေးကြဖို့ မမေ့ကြနဲ့နော်။ မကြာခင်မှာလည်း BLACKPINK ရဲ့ Comeback ကလည်း ထွက်ရှိလာတော့မှာပါ။ ဒီတစ်ခေါက်လည်း အမိုက်စား သီချင်းနဲ့ ဘယ်လိုထိုးဖောက်အုံးမလဲ စောင့်ကြည့်ပေးကြပါနော်။


up

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။