အမြင်မတော်တဲ့ ကွမ်းတံတွေးကွက်တွေကို အငြိမ်းစားကျောင်းအုပ်ကြီး သန့်ရှင်းရေးလုပ်ပေးနေရ

တာချီလိတ်မြို့ပေါ်က လမ်းမကြီးပေါ်မှာ စည်းကမ်းမဲ့ထွေးထားတဲ့ ကွမ်းတံတွေးတွေကို အငြိမ်းစားကျောင်းအုပ်ကြီးတစ်ဦးက လိုက်လံရှင်းလင်းပေးနေရတယ်လို့သိရပါတယ်။

မြန်မာ - ထိုင်းနယ်စပ် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ်က ကွမ်းတံတွေးကွက်တွေကို ဆရာကြီးက လိုက်လံသန့်ရှင်းရေးပြုလုပ်ပေးနေတာဖြစ်ပြီး ကွမ်းတံတွေးထွေးတဲ့သူတွေအနေနဲ့ ဒီလိုထွေးတာမကောင်းဘူး ဆိုတဲ့ Mindset လေးရသွားအောင်လို့ ဒီလိုမျိုးသန့်ရှင်းရေးလုပ်ပေးရတာဖြစ်တယ်လို့ ဆရာကြီးက ဆိုပါတယ်။

အဆိုပါ ကွမ်းတံတွေးကွက်ရှင်းလင်းမှုတွေကို ၂၀၁၉ မတ်လ ၂၁ ရက်နေ့အထိ သုံးရက်တာ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဆက်လက်လုပ်ဆောင်သွားဦးမယ်လို့လည်းသိရပါတယ်။

ပြည်နယ်တစ်ခု၊ မြို့တစ်မြို့စီမံချက်အရ ရှမ်းပြည်နယ်အတွင်းလျာထားတဲ့ မြို့နယ် ( ၃ ) မြို့မှာ ပါဝင်နေတဲ့ တာချီလိတ်မြို့မှာ အပတ်စဉ် စနေနေ့တိုင်း စုပေါင်းအမှိုက်ကောက်လှုပ်ရှားမှုကို ဌာနဆိုင်ရာတွေနဲ့ ရပ်ကွက်နေလူထုက မတ်လ ( ၉ ) ရက်နေ့ကနေစတင်ပြီး ( ၁ ) နှစ်တာ စီမံချက်နဲ့ဆောင်ရွက်နေတယ်လို့သိရပါတယ်။

ဆရာကြီးရဲ့ နာမည်ကတော့ ဦးခင်မောင်ဖြစ်ပြီး အသက် ( ၇၉ ) နှစ်ရှိပြီလို့သိရပါတယ်။

Gabriel
Source - Nu Yin

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။