အဆီပိုမရှိတဲ့ဗိုက်လေးဖြစ်စေဖို့ ညဘက်မှာသောက်သင့်တဲ့ ဖျော်ရည်…။

     အစားတစ်လိုင်းဖြစ်နေတဲ့သူတွေ သေချာပေါက်တော့ ပြားချပ်ချပ်ဗိုက်လေးကို ရရှိနေမှာမဟုတ်ပါဘူး…။ အစားတွေစားလိုက် ထိုင်တာတွေများလိုက်၊ Gym ကျတော့လည်း မှန်မှန်မသွားနိုင်တဲ့သူတွေအတွက် ညဘက်မှာ မဖြစ်မနေလုပ်သင့်တဲ့အရာတစ်ခုတော့ရှိပါတယ်…။ ဒီနည်းလမ်းကို သေချာပေါက်လိုက်လုပ်မယ်ဆိုရင်တော့ သင့်ရဲ့အဆီတွေဖြစ်နေတဲ့ ဗိုက်သားလေးကို အဆီပိုတွေမရှိတဲ့ ဗိုက်လေးဖြစ်သွားစေမှာပါ…။ လိုက်လုပ်သင့်တဲ့နည်းလမ်းလေးကတော့ ဖျော်ရည်တစ်မျိုးကို ညအိပ်ရာမဝင်ခင်အချိန်တိုင်းမှာ သောက်ပေးရုံပါပဲ…။

     ဆွဲဆောင်မှုရှိတဲ့ ဗိုက်ချပ်ချပ်လေးရရှိစေဖို့ အကောင်းဆုံးဖျော်ရည်အဖြစ်ရွေးချယ်သင့်တဲ့ အသီးကတော့ သခွားသီးပဲဖြစ်ပါတယ်…။ ညအိပ်ရာမဝင်ခင်မှာ သခွားသီဖျော်ရည်လေးကို သောက်ပေးမယ်ဆိုရင်တော့ သင်အိပ်နေတဲ့အချိန်ကနေစလို့ မနက်ရောက်တဲ့ထိ သင့်ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ Metabolism ဓာတ်တွေကို မြှင့်တင်ပေးပြီး ကယ်လိုရီတွေကို လောင်ကျွမ်းစေတာကြောင့် ညတိုင်းပုံမှန်သောက်ပေးတဲ့အခါမှာ ဆွဲဆောင်မှုရှိတဲ့ ဝမ်းဗိုက်လေးကိုရရှိမှာပဲဖြစ်ပါတယ်…။

     သင့်ဝမ်းဗိုက်လေးမှာ အဆီပိုတွေရှိနေတဲ့အခါမှာ အဆီတွေကိုလျော့ချချင်တယ်ဆိုရင်တော့ သခွားသီးကအကောင်းဆုံးအစားစာပါပဲ…။ သခွားသီးမှာက ရေဓာတ်တွေလည်းကောင်းစွာပါဝင်ပြီး၊ ကယ်လိုရီလည်းအနည်းငယ်ပဲပါဝင်တာကြောင့် ကောင်းမွန်တဲ့အစားစာတစ်ခုပါပဲ…။ သခွားသီးတစ်ခုလုံးမှာမှ ကယ်လိုရီ ၄၅ ပဲပါဝင်တာကြောင့် ဝိတ်ချတဲ့အခါမှာစားသုံးသင့်တဲ့ အကောင်းဆုံးဟင်းသီးဟင်းရွက်ပါပဲ…။ ဒီတော့ ညအိပ်ရာဝင်ခါနီးတိုင်း သောက်သုံးသင့်တဲ့ သခွားသီးဖျော်ရည် လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်…။

     လိုအပ်တာတွေကတော့ သခွားသီး ၁ လုံး၊ နံနံပင် အနည်းငယ်၊ ရှောက်သီး ၁ လုံး၊ ထောင်းပြီးသားကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၁ ဇွန်း၊ ရှားစောင်းလက်ပတ်အနှစ် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ရေဖန်ခွက်တစ်ဝက်တို့ လိုအပ်ပါတယ်…။ ပါဝင်ပစ္စည်းတွေကို တစ်ခါထဲရောထည့်ပြီး blender ထဲမှာရောထည့်လိုက်ပါ…။ ပြီးရင်တော့ အိပ်ခါနီးမှာ သောက်လိုက်လို့ရပါတယ်…။

     ရှောက်သီးက ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆိပ်အတောက်တွေကို ချေဖျက်ပေးနိုင်ပါတယ်…။ ကြက်သွန်ဖြူကတော့ ခန္ဓာကိုယ်မှာရှိနေတဲ့ မလိုအပ်တဲ့အဆီပိုတွေကို ဖယ်ရှားပေးနိုင်ပါတယ်…။ ဒါကြောင့် သင်နေ့စဉ်စားတဲ့ အစားစာတွေထဲမှာ ကြက်သွန်ဖြူကိုလည်း ထည့်စားပေးသင့်ပါတယ်…။ ရှားစောင်းလက်ပတ်ကတော့ ဝိတ်ကျစေနိုင်တဲ့အကောင်းဆုံး အရာတစ်ခုဆိုလည်းမမှားပါဘူး…။ ဒီလို ခန္ဓာကိုယ်မှာရှိနေတဲ့ မလိုအပ်တဲ့အဆီပိုတွေကိုဖယ်ရှားပေးနိုင်တဲ့ အကောင်းဆုံးအစားစာတွေပဲ စုပေါင်းပြီးဖျော်ထားတဲ့ ဖျော်ရည်ကို ညတိုင်းသောက်ပေးမယ်ဆိုရင်တော့ အချိန်တိုအတွင်းမှာ ထူးခြားတဲ့ရလဒ်တွေကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်…။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။