မိတ်ကပ်ကြောင့် အိုမင်းရင့်ရော်မှုတွေ စောစောမဖြစ်အောင် ဒါတွေကိုရှောင်

မိတ်ကပ်လေးလိမ်းလိုက်မှ လှတယ်ထင်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသွား၊ စိတ်ကျေနပ်သွားတဲ့ သူလေးတွေရှိလား..။ မိန်းကလေးမှန်ရင် အလှအပကြိုက်ပြီး မိတ်ကပ်လိမ်းရတာလည်း ကြိုက်ကြပါတယ်။ မိတ်ကပ်လိမ်းလို့ လှသွားတဲ့ ကိုယ့်ကိုယ်ကိုမြင်ရတဲ့အခါ စိတ်တက်ကြွပျော်ရွှင်သွားပြီး တစ်နေ့တာလုံးမှာ ယုံကြည်မှုအပြည့်နဲ့ လန်းဆန်းနေနိုင်ပါတယ်။ ဒါကြောင့် မိန်းကလေးတွေ မိတ်ကပ်လိမ်းရတာကို ကြိုက်ကြတာ မဆန်းပါဘူး။

ဒါပေမယ့်် မိတ်ကပ်က အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ဖြစ်စေနိုင်တာကြောင့် အဲ့လိုမဖြစ်အောင် ဘယ်လိုလိမ်းရမလဲဆိုတာကို သိတဲ့သူ ရှားပါတယ်။ ကဲ မိတ်ကပ်ကြောင့် အိုမင်းရင့်ရော်မှု စောစောမဖြစ်ရအောင် လိမ်းနည်းလေးတွေကတော့ ဒီလိုပါ။

(၁) မိတ်ကပ်ထူထူကြီး နေ့တိုင်းမလိမ်းပါနဲ့

Image result for heavy makeup
Heavy Makeup ဆိုတာ ပွဲတက်တဲ့အခါမျိုးမှသာ လိမ်းသင့်တာပါ။ နေ့တိုင်းလိမ်းတဲ့ မိတ်ကပ်ကျတော့ အဆင့်နည်းနည်းနဲ့ ခပ်ပါးပါးလေးပဲ လိမ်းသင့်တာပါ။ မိတ်ကပ်ထူထူလိမ်းတာက အရေးအကြောင်းတွေကို ပိုထင်ရှားလာစေပြီး အရေပြားအောက်က collagen တွေ အလုပ်လုပ်တာကို ကမောက်ကမ ဖြစ်စေနိုင်တာကြောင့် အသားအရေ လျော့တွဲလာတာတွေ ဖြစ်လာနိုင်ပါတယ်။ ပြီးတော့ နေ့တိုင်း မိတ်ကပ်ထူထူ လိမ်းတဲ့သူက နောက်မလိမ်းတော့ရင် ဘယ်လိုမှကြည့်မကောင်းတာကြောင့် အမြဲတမ်း မိတ်ကပ်ထူထူလိမ်းဖို့လိုအပ်နေပါလိမ့်မယ်။

(၂) Primer လိမ်းဖြစ်အောင် လိမ်းပါ

Related image
ဖောင်ဒေးရှင်းမလိမ်းခင် primer လိမ်းပေးတာက အသားအရေပေါ်က အရေးအကြောင်းနေရာတွေကို မိတ်ကပ်တွေဝင်မသွားအောင် ကာကွယ်ပေးရုံမက မျက်နှာအသားအရေကို မိတ်ကပ်လိမ်းလို့ကောင်းအောင် ညီညီညာညာလေးဖြစ်သွားစေပါတယ်။ ဒါကြောင့် အရေးအကြောင်းတွေ ပိုမဆိုးသွားစေချင်ဘူးဆိုရင် ဖောင်ဒေးရှင်းမလိမ်းခင် primer ကို မဖြစ်မနေ လိမ်းပေးပါ။

(၃) အသားအရောင်နဲ့ ကွက်တိဖြစ်တဲ့ မိတ်ကပ်အရောင်တွေကိုသာသုံးပါ

Image result for applying primer
မိတ်ကပ်အရောင်က အသားအရောင်နဲ့ကွာဟလွန်းနေတဲ့အခါ သဘာဝကျတဲ့ပုံစံဖြစ်အောင် အများကြီးလိုက်ညှိနေရတာကြောင့် မိတ်ကပ်ပမာဏ များများသုံးဖြစ်ပါတယ်။ အဓိကကတော့ ဖောင်ဒေးရှင်းနဲ့ပါးနီကို အသားအရောင်နဲ့အလိုက်ဖက်ဆုံးဖြစ်အောင်ရွေးချယ်ပါ။

(၄) နေရောင်ကာလိမ်းဆေး မဖြစ်မနေလိမ်းပါ

Image result for applying sunscreen
ဒါကတော့ အမြဲတမ်းအတွက် လိုအပ်ချက်ပါ။ နေရောင်ကနေ ခန္ဓာကိုယ်အတွက်အကျိုးပြုတဲ့ ဗီတာမင် D ကို ရတယ်ဆိုပေမယ့် အသားအရေနဲ့နေရောင် တိုက်ရိုက်ထိတွေ့တာကတော့ ကောင်းတဲ့အချက်မရှိပါဘူး။ နေရောင်က အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကိုဖြစ်စေရုံမက အရေပြားကင်ဆာအထိပါ ဖြစ်စေနိုင်တာကြောင့် နေရောင်ကာလိမ်းဆေးကို အပြင်ထွက်တိုင်း လိမ်းပေးဖို့လိုပါတယ်။

(၅) Matte product တွေ လျှော့သုံးပါ

Image result for applying matte lipstick
အခုနောက်ပိုင်း matte foundation , two way , lip stick စသဖြင့် အရမ်းကို ခေတ်စားလာပါတယ်။ လိမ်းလိုက်ရင်လည်း အရမ်းကိုမိုက်တဲ့ပုံစံကို ရစေတာကြောင့် ပျိုမေတို့အသည်းစွဲပါပဲ။ ဒါပေမယ့် အဲ့ဒီ matte products တွေက အသားအရေထဲက ရေဓာတ်ကို ခမ်းခြောက်စေတာကြောင့် အရေးအကြောင်းတွေ ပိုမိုထင်ရှားလာအောင် အားပေးတဲ့အရာတွေပါ။ ဒါကြောင့် matte products တွေကို တခါတရံမှသာ သုံးပါ။

(၆) သဘာဝဆန်တဲ့ မိတ်ကပ်ပုံစံလေးတွေ လိမ်းပါ

Related image
သဘာဝနဲ့အနီးစပ်ဆုံးပုံစံလေးတွေကသာ အမြဲတမ်းအတွက် လှနေတယ်ဆိုတာ ပျိုမေတို့လက်ခံတယ်မဟုတ်လား။ ပုံမှန်အနေအထားနဲ့အရမ်းကွာခြားပြီး မျက်နှာဖုံးစွပ်ထားတယ်လို့ထင်ရလောက်အောင် မိတ်ကပ်တွေ လိမ်းထားတာက လှလည်း မလှသလို အသားအရေအတွက်လည်း လုံးဝမကောင်းပါဘူး။ ဒါကြောင့် အသက်ကြီးတဲ့အထိ အသားအရေနုပျိုနေအောင် သဘာဝဆန်တဲ့ ပုံစံလိမ်းတွေ လိမ်းခြယ်ပါလို့။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။