အရှေ့တောင်အာရှအပျော်ဆုံးနိုင်ငံများစာရင်းမှာ အဆင့် ၁၃၁ နဲ့မြန်မာနိုင်ငံအောက်ဆုံးရောက်

အာဆီယံနိုင်ငံတွေထဲက အပျော်ဆုံးနိုင်ငံများစာရင်းမှာ မြန်မာနိုင်ငံအနေနဲ့ အောက်ဆုံးရောက်ရှိနေတယ်လို့ ကုလ က ၂၀၁၉ မတ်လ ၂၂ ရက်နေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။


ဒီအစီရင်ခံစာဟာ ကမ္ဘာ့နိုင်ငံပေါင်း ၁၅၆ နိုင်ငံအတွက်ကောက်ယူခဲ့တာဖြစ်ပြီး နိုင်ငံသားတွေရဲ့ လူမှုဘဝ၊ လွတ်လပ်မှု၊ အကျင့်ပျက်ခြစားမှု၊ ကျန်းမာရေးအထောက်အပံ့၊ ဝင်ငွေ၊ လူနေမှုအဆင့်အတန်း၊ ပညာရေး နဲ့ စာရိတ္တတွေပေါ်မှာ မူတည်ပြီး အဆင့်တွေတွက်ချက်ခဲ့တာပါ။

အပျော်ဆုံး အာဆီယံ နိုင်ငံများစာရင်းမှာ စင်ကာပူက အဆင့် ၃၄ နဲ့ ပထမဆုံးနေရာမှာ ရပ်တည်နေပြီး အဆင့် ၅၂ နဲ့ ထိုင်းနိုင်ငံက ဒုတိယနေရာရရှိထားပါတယ်။ တတိယကတော့ ဖိလစ်ပင်းဖြစ်ပြီး အဆင့် ၆၉ ပါ။ ဒါက Top Three ဖြစ်ပြီး မြန်မာကတော့ အဆင့် ၁၃၁ နဲ့ အောက်ဆုံးကိုရောက်ရှိနေတာဖြစ်ပါတယ်။


ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးနိုင်ငံကတော့ ဖင်လန် ဖြစ်ပြီး အဲ့ဒီနောက်မှာ ဒိန်းမတ်၊ နော်ဝေ၊ အိုက်စလန်၊ နယ်သာလန် စတဲ့ နိုင်ငံတွေက အစဉ်လိုက်ပါဝင်နေပါတယ်။ အောက်ဆုံးနိုင်ငံကတော့ တောင်ဆူဒန် ဖြစ်ပြီး အဆင့်က ၁၅၆ ဖြစ်ပါတယ်။

Gabriel
Source - worldhappinessreport



we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။