အောင်လအန်ဆန်ကို ရှုံးနိမ့်ပြီးနောက်မှာ ဝမ်းနည်းပြီး ငိုကြွေးခဲ့တဲ့ ဂျပန်ကြီး ဟာဆဲဂါဝါ

မတ် ၃၁ တနင်္ဂနွေနေ့၊ ဂျပန်နိုင်ငံက ရိုဂိုကူ ကိုကူချီကန် အားကစားခန်းမမှာ A New Era အမည်နဲ့ကျင်းပခဲ့တဲ့ MMA ပွဲမှာတော့ မြန်မာ့စပါးအုံးကြီး အောင်လအန်ဆန် ဟာ ဒုတိယအကြိမ်အဖြစ် ဟာဆဲဂါဝါကို ထပ်မံအနိုင်ယူခဲ့ပါတယ်။

ပထမအကြိမ်က ရန်ကုန်မှာ ထိုးသတ်ခဲ့ပြီး အောင်လ က အနိုင်ရရှိခဲ့တာပါ။ မစ်ဒယ်လ်ဝိတ်တန်းချန်ပီယံခါးပတ်ကို အရယူထားတဲ့ အောင်လ ဟာ ဂျပန်ကြီးကို ဒုတိယအချီမှာ အလဲထိုးအနိုင်ယူပြီး ချန်ပီယံခါးပတ်ကို ကာကွယ်သွားခဲ့တာဖြစ်ပါတယ်။


အောင်လကို ရှုံးနိမ့်ပြီးနောက်မှာတော့ ဟာဆဲဂါဝါက ငိုကြွေးခဲ့ပြီး လာရောက်ကြည့်ရှုကြတဲ့ လူတွေထဲ မြန်မာပရိသတ်တွေလည်း စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ပထမအကြိမ်က မြန်မာမှာဖြစ်လို့ရှုံးတာဆိုပြီး ပြောလို့ရပေမယ့် အခုလို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့အတွက် ယူကြုံးမရဖြစ်တာတွေ၊ ရှက်ရွံ့တာတွေ နဲ့ လာကြည့်ကြတဲ့ ဂျပန်ပရိသတ်တွေကို အားနာပြီး ငိုကြွေးခဲ့တာဖြစ်မှာပါ။

ဘာပဲဖြစ်ဖြစ် ရှုံးနိမ့်ခဲ့ပေမယ့် အကောင်းဆုံးထိုးသတ်ခဲ့တဲ့ ဟာဆဲဂါဝါကို အားပေးရင်း ဂျပန်မှာ မြန်မာ့ဂုဏ်ကိုဆောင်ခဲ့တဲ့ အောင်လအန်ဆန်ကိုလည်း WE Media ကနေ ဂုဏ်ပြုလိုက်ပါတယ်။

Gabriel

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။