ဝေဖန်မှုများနေသည့် အကယ်ဒမီဆုများ ပြန်ရုပ်သိမ်းမည်

ဧပရယ် ၁ ရန်ကုန်

၂၀၁၈ ရဲ့ အကယ်ဒမီပေးပွဲမှာ အကယ်ဒမီဆုတွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေဝေဖန်မှုများနေတဲ့ ဆုတွေကို ပြန်လည်ရုပ်သိမ်းဖို့ စီစဉ်နေတယ်ဆိုပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

အကယ်ဒမီထူးချွန်ဆုတွေကို မတ်လ ၂၃ ရက်နေ့က ရန်ကုန်မြို့၊ The One Entertainment Park မှာ အခမ်းအနားနဲ့ပေးအပ်ခဲ့တာဖြစ်ပြီး အကယ်ဒမီရရှိခဲ့တဲ့ ဇာတ်ကားတစ်ကားနဲ့ပတ်သက်ပြီး ပရိသတ်တွေရဲ့ ဝေဖန်သံတွေ ကျယ်ကျယ်လောင်လောင်ပဲ ထွက်ပေါ်ခဲ့တာပါ။ နောက်ဆက်တွဲအနေနဲ့ မြန်မာရုပ်ရှင်ကားတစ်ချို့ကို ပရိသတ်တွေ သပိတ်မှောက်တဲ့အထိဖြစ်လာကြတဲ့အတွက် အဲ့ဒီဆုတွေကို ပြန်ရုပ်သိမ်းဖို့စီစဉ်နေတာဖြစ်တယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ထုတ်ပြန်ခဲ့ပါတယ်။

အစည်းအဝေးပြုလုပ်ပြီး အားလုံးသဘောတူညီချက်နဲ့ ဆုတွေကို ပြန်သိမ်းဖို့တိုင်ပင်ခဲ့တာဖြစ်ပြီး လိုအပ်လာရင် အစည်းအရုံးဥက္ကဌနေရာကိုပါ ပရိသတ်မဲဆန္ဒနဲ့ပြန်ရွေးဖို့စီစဉ်ထားတယ်လို့ အစည်းအရုံးဥက္ကဌတစ်ဦးက ဆိုပါတယ်။

ပေးအပ်ပြီးသားရုပ်ရှင်ဆုတွေကို ပြန်သိမ်းယူတဲ့ကိစ္စဟာ တော်တော့်ကို ဖြစ်တောင့်ဖြစ်ခဲဖြစ်ပြီး အရင့်အရင်တွေတုန်းကတောင် ထူးချွန်ဆုနဲ့ပတ်သက်လို့အငြင်းပွားခဲ့ရင်လည်း ပေးအပ်ပြီးသားဆုတွေ ပြန်ရုပ်သိမ်းတာမျိုးမရှိဘူး လို့ ဝါရင့်ရုပ်ရှင်လောကသားတစ်ဦးက ဆိုပါတယ်။

လက်ရှိသတင်းအရ ပေးထားတဲ့ဆုတွေကို ပြန်သိမ်းမယ်၊ ဒါမှမဟုတ် မှတ်တမ်းတင်သိမ်းဆည်းထားမယ် ဆိုတာတော့ သေသေချာချာမသိရသေးပါဘူး။

Gabriel



we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။