ကြေးအမြင့်ဆုံးမင်းသမီးအဖြစ်နဲ့ ပထမနေရာရရှိသွားတဲ့ “Emma Stone”

ဒီနှစ်အတွက် Forbes Magazine ရဲ့ကြေးအမြင့်ဆုံး မင်းသမီးအဖြစ်နဲ့ ရွေးချယ်လိုက်တဲ့ Top Ten စာရင်းထဲမှာတော့ “Emma Stone” က ပထမနေရာကို ရရှိသွားပါတယ်။

“Emma Stone” ဟာဆိုရင် “La La Land” ဇာတ်ကားနဲ့ Best Actress ဆုကို အကယ်ဒမီရရှိခဲ့ပါတယ်။ ဒီဇာတ်ကားလေးကြောင့်ပဲ သူမက အခုဒီနှစ်အတွက် ရွေးချယ်လိုက်တဲ့ ကြေးအမြင့်ဆုံး မင်းသမီး (၁၀) ယောက်စာရင်းမှာ $26 million နဲ့ နံပါတ်တစ်နေရာကို ရောက်ရှိသွားခဲ့ပါတယ်။

နောက်ထပ် ကြေးအမြင့်ဆုံးအဖြစ်နဲ့ ရွေးချယ်လိုက်တဲ့မင်းသမီး (၁၀) ယောက်ထဲမှာ ဘယ်သူတွေပါမလဲ...၊ ဘယ်သူတွေက ဘယ်နေရာမှာ ကြေးဘယ်လောက်နဲ့ ရောက်ရှိနေမလဲဆိုတာကိုပါ တစ်ခါထဲတင်ဆက်ပေးလိုက်ပါတယ်။

1. Emma Stone - $26 million

2. Jennifer Aniston - $25.5 million

3. Jennifer Lawrence - $24 million

4. Melissa McCarthy - $18 million

5. Mila Kunis - $15.5 million

6. Emma Watson - $14 million

7. Charlize Theron - $14 million

8. Cate Blanchett - $12 million

9. Julia Roberts - $12 million

10. Amy Adams - $11.5 million

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။