
ယောက်ျားလေးတွေ အချစ်ဦးကို မမေ့နိုင်တဲ့အကြောင်းအရင်းများ
ယောက်ျားလေးတွေဟာ မိန်းကလေးတွေနဲ့ယှဉ်လိုက်ရင် သိပ်ပြီးခံစားလွယ်တဲ့လူမျိူးတွေ မဟုတ်ဘူးလို့ထင်ခံရလေ့ရှိပါတယ်။ ကျားမခွဲခြားမှုမှာကိုက ယောက်ျားလေးတွေက ပိုသန်မာတယ်ဆိုပြီး သတ်မှတ်ထားကြလေတော့ သူတို့အတွင်းစိတ်မှာခံစားနေရတာတွေကို အလိုလို ဖုံးအုပ်ပြီးသားဖြစ်သွားကြတယ်။ တကယ်တော့ ယောက်ျားတွေရဲ့နှလုံးသားကလဲ နူးညံ့ပါတယ်။ သူတို့ချစ်ခဲ့တဲ့သူတွေကို မေ့ပစ်ဖို့ခက်ခဲပါတယ်။ အချစ်ဦးနဲ့ပတ်သက်တဲ့အမှတ်တရတွေကို မေ့ပစ်ဖို့က ဘယ်လောက်ခက်ခဲတယ်ဆိုတာ အမျိုးသားတွေသာသိပါတယ်။
သူတို့တွေ ဘာကြောင့်များ မမေ့နိုင်ကြတာလဲ
ပထမဆုံးအချစ်က အပြစ်ကင်းစင်တယ်
ပထမဆုံးအချစ်မှာ တခြားရည်ရွယ်ချက်တွေ၊ ရလိုမှုတွေ ၊ တစ်ယောက်နဲ့တစ်ယောက်ကြား အတွက်အချက်တွေ လုံးဝမရှိဘဲ အပြစ်ကင်းစင်ကြပါတယ်။ ဒါပေမယ့် ပထမဆုံးအချစ်ကြောင့် ဖြစ်ခဲ့တဲ့ ခံစားချက်တွေက နောက်ထပ်ကြုံရမယ့် အချစ်နဲ့ဘဝကို အနည်းနဲ့အများ သက်ရောက်မှုဖြစ်စေပါတယ်။
ပထမဆုံးအချစ်ကြောင့် ပထမဆုံးအမှတ်တရတွေ ရှိခဲ့တယ်
ပထမဆုံးအချစ်ကြောင့် ပထမဆုံးအနမ်းနဲ့ တခြားသော ပထမဆုံးအမှတ်တရတွေကို ရရှိခဲ့ကြတာကြောင့် မေ့ဖို့မဖြစ်နိုင်တာပါ။
ငယ်ဘဝနဲ့အတူ ဖြစ်လာတဲ့ခံစားချက်မို့
လူတွေဟာ ငယ်ဘဝရဲ့နုပျိုမှုတွေကို တမ်းတတတ်ကြတဲ့အကျင့်ရှိကြပါတယ်။ အဲ့ဒီလိုငယ်ဘဝကိုတမ်းတတဲ့အချိန်မှာ ငယ်ရွယ်နုပျိုမှုနဲ့အတူ First Love ကလည်း ပြန်ပြန်တွေးမိတဲ့ အကြောင်းအရာ ခံစားချက်တစ်ခု ဖြစ်နေတာကြောင့် ဘယ်တော့မှမမေ့တော့တာပါ။
အရာရာဖြစ်နိုင်တယ်ဆိုတဲ့ ခံစားချက်ကိုဖြစ်စေခဲ့လို့
ငယ်ရွယ်စဉ်မှာ ဖြစ်လာတဲ့ အချစ်ခံစားချက်တွေက လူတစ်ယောက်အတွက်ဘဝမှာ အရာရာဖြစ်နိုင်တယ်ဆိုတဲ့ခံစားချက်မျိုးဖြစ်ပေါ်လာစေပါတယ်။ ဒါကြောင့် အခက်အခဲတစ်ခုခုကြုံလာရင်၊ ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေချဖို့ဖြစ်လာရင် မသိစိတ်က အဲ့ဒီခံစားချက်က ပြန်ဖြစ်ပေါ်လာပါတယ်။ အဲ့ဒါကလည်း အချစ်ဦးကို မမေ့ရခြင်း အကြောင်းရင်း တစ်ခုပါ။
ပထမဆုံးသော အသည်းကွဲဝေဒနာကလည်း ဆိုးရွားလွန်းတယ်
အချစ်က ပထမဆုံးဆိုရင်၊ ဒီအချစ်နဲ့လွဲသွားခဲ့ရင်ကြုံရမယ့် အသည်းကွဲ ဝေဒနာကလည်း ပထမဆုံးပါပဲ။ ပထမဆုံး အသည်းကွဲ ဝေဒနာကလည်း ဆိုးရွားတာကြောင့် အချစ်ဦးကို မမေ့နိုင်ကြတာပါ။
ပြောင်းလဲစေခဲ့တယ်
အချစ်ဦးကြောင့် ဖြစ်လာတဲ့ ခံစားချက်ကြောင့် ကောင်းတဲ့ အပြောင်းအလဲလေးတွေ ဖြစ်ပေါ်လာစေပါတယ်။ လူတစ်ယောက်ကို ရင့်ကျက်စေနိုင်တာကလည်း ပထမဆုံးအချစ်ပါပဲ။
ဘဝမှာတစ်ကြိမ်ပဲ ကြုံခွင့်ရှိတဲ့အရာ
ဘဝကဘယ်လောက်ပဲကြာရှည်ပါစေ၊ ပထမဆုံးအချစ် ကိုတော့ တစ်ကြိမ်တစ်ခါပဲကြုံရမယ့်အရာပါ။ အချစ်ဆုံးတွေဘယ်လောက်ပဲရှိရှိ အချစ်ဦးကတော့ အချစ်ဦးပါပဲ။
Source ; Internet
Paulina
we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။