မဲပေးမှု ၁၀ ရာခိုင်နှုန်းအောက်သာရရှိခဲ့တဲ့ ထက်ထက်ထွန်း

အလှမယ်ပြိုင်ပွဲတွေမှာ ဆက်တိုက်အောင်မြင်မှုတွေဆွတ်ခူးခဲ့ပြီး လူသိများလာတဲ့ အလှမယ်ထက်ထက်ထွန်းဟာ ရန်ကုန်မြို့တော်စည်ပင်အမတ်လောင်းရွေးချယ်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နေတာ အားလုံးသိကြမှာပါ။

လက်ရှိမှာ သူမဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ရန်ကုန်စည်ပင်ရွေးချယ်ပွဲကြီးက မတ် ၃၁ မှာ ပြီးဆုံးသွားခဲ့ပါပြီ။ နောက်ဆက်တွဲအဖြစ်ထက်ထက်ထွန်းက သူမရဲ့လူမှုကွန်ယက်အကောင့်မှာ " ရန်ကုန်စည်ပင်ရွေးကောက်ပွဲက မတ်လ ၃၁ ရက်နေ့မှာ ပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်။ ထက်ထက်ကို ယုံကြည်ပြီး မဲထည့်ခဲ့ကြတဲ့ မဲဆန္ဒနယ် ( ၁၂ ) မြို့နယ်ထဲက မဲဆန္ဒရှင်အားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။

ဒီတစ်ခေါက်စည်ပင်ရွေးကောက်ပွဲမှာ မဲပေးလာမှုနှုန်းက ၁၀ ရာခိုင်နှုန်းအောက်သာရှိပါတယ်။ ဒါကြောင့် ထက် ရဲ့ မဲဆန္ဒနယ်အမှတ် ( ၃ ) မှာ ပါတဲ့မြို့နယ် ( ၁၂ ) မြို့နယ်အပြင်၊ အခြားမဲဆန္ဒနယ်ထဲက ကျန်ရှိတဲ့ ( ၂၁ ) မြို့နယ်ထဲမှာပါဝင်တဲ့ မဲပေးခွင့်မရခဲ့သော မဲဆန္ဒရှင်တွေ၊ အကြောင်းအမျိုးမျိုးကြောင့် မဲမပေးခဲ့ရတဲ့ပြည်သူတွေအားလုံးလည်း နောင်လာမယ့်ရွေးကောက်ပွဲတွေမှာ ( အထူးသဖြင့် မကြာခင်လာတော့မယ့် " ၂၀၂၀ " ရွေးကောက်ပွဲမှာ မဲထပ်ပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်ရှင် " ဆိုပြီး အသိပေးထားခဲ့တာဖြစ်ပါတယ်။


အမတ်လောင်းအဖြစ် ဝင်ပြိုင်ထားတဲ့ ထက်ထက်ထွန်းက မဲ ( ၁၀ ) ရာခိုင်နှုန်းပဲရရှိခဲ့တာကြောင့် သူမရဲ့အမတ်လောင်းနေရာယှဉ်ပြိုင်မှုက မအောင်မြင်ဘူးလို့ပဲဆိုရမှာပါ။ လာမယ့် ၂၀၂၀ မှာလည်း မဲပေးကြဖို့တောင်းဆိုထားတဲ့အတွက် ဘယ်လိုတွေဖြစ်လာမလဲဆိုတာတော့ ရင်ခုန်စွာနဲ့ပဲစောင့်ကြည့်ရမှာဖြစ်ပါတယ်။



Gabriel
Source - Htet Htet Htun

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။