ပြည့်စုံတဲ့ မနက်ခင်းတစ်ခုဖြစ်ဖို့ကောင်းမွန်တဲ့ အလေ့အကျင့်များ

သင့်ရဲ့မနက်ခင်းတွေကို ကပျာကယာပဲ နိုးထနေသလား။ အစကောင်းမှ အနှောင်းသေချာဆိုသလို နေ့သစ်ရဲ့အစ မနက်ခင်းမှာ ကောင်းကောင်း မနိုးထခဲ့ရင် တနေကုန်ရော ရွှင်လန်းနေပါ့မလား။

ကျန်းမာရေးနဲ့ညီညွတ်သော၊ ကောင်းမွန်သော မနက်ခင်းတစ်ခုကို ရရှိဖို့ဘာတွေလုပ်ရမလဲ။ လွယ်ကူပြီး ရိုးရှင်းပါတယ်နော်။ သုံးရမဲ့ အချိန်လေးတွေပါ တစ်ပါတည်း ရေးပေးထားတယ်။

girl, beauty, and smile image

• မနက်ခင်း နိုးထလို့မျက်လုံး ဖွင့်ဖွင့်ချင်း စူးရှတဲ့အလင်းရောင်ကိုတန်းမကြည့်ပါနဲ့။ အလင်းဖျော့ဖျော့လေးကိုသာ ကြည့်ပါ။ ဦးနှောက်ဟာ နိုးနိုးချင်း အလင်းရောင်ကိုခံစားဖို့အချိန်ယူရပါတယ်။ ဒါကြောင့် နိုးနိုးချင်း အလင်းစူးစူးတွေကို မကြည့်သင့်ပါဘူး။ (၃ မိနစ်)

cat, cute, and animal image

• ပြီးတာနဲ့ကြောင်လေးတွေလိုမျိုး သင့်ခန္ဓာကိုယ်ရဲ့အကြောတွေကို ဆန့်ထုတ်လိုက်ပါ။ ဘာလို့လဲဆိုတော့ ကြွက်သားတွေဟာလဲ အိပ်ယာထဖို့လိုတယ်လေ။ ဒါပေမဲ့ အရမ်းလဲ အလွန်အကျွံကြီးလဲ မဆန့်ထုတ်ပါနဲ့။ (၁ မိနစ်)

Related image

• အောက်စီဂျင် အပြည့်အဝရရှိဖို့ခပ်ပြင်းပြင်းလေး အသက်ရှူလိုက်ပါ။ အောက်စီဂျင်က ခန္ဓာကိုယ်ထဲရဲ့အစိတ်အပိုင်းတွေစီ ပျံ့နှံ့သွားပြီး လှုပ်ရှားဖို့အထောက်အကူပြုပါလိမ့်မယ်။ လေးကြိမ် ခပ်ပြင်းပြင်းလေး ရှူသွင်းလိုက်ပါနော်။ (၂ မိနစ်)

Image result for drinking water

• ရေဖန်ခွက်တစ်ခွက်လောက် ဖြည်းဖြည်းချင်း သောက်ပါ။ ညဘက်မှာထွက်ထားတဲ့ အဆိပ်အတောက်တွေကို ပြေလျော့စေပါတယ်။ (၁ မိနစ်)

bedroom, interior, and bed image

• အိပ်ယာသိမ်းပါ။ ခန္ဓာကိုယ်ရဲ့တစ်ခုထဲသော အိပ်စက်အနားယူရာနေရာကို ဖွမထားခဲ့ပါနဲ့။ သပ်သပ်ရပ်ရပ်သန့်သန့်ရှင်းရှင်းလေး သိမ်းဆည်းခဲ့ပါ။ (၃ မိနစ်)

fitness and josephine skriver image

• လေ့ကျင့်ခန်းလုပ်ပါ။ တမင်သက်သက်ကြီးလုပ်ဖို့အချိန်မရရင်လဲ ကျောင်းသွား ရုံးသွားတဲ့အခါ ကားချက်ချင်းမစီးဘဲ ၃ မှတ်တိုင်လောက် လမ်းလျှောက်သွားပါ။ နွေရောက်ပြီဆိုတော့ နေပူထဲလမ်းမလျှောက်ချင်ရင်တော့ မနက်ခင်းထပြီး လေ့ကျင့်ခန်းလုပ်တာအကောင်းဆုံးပါ။ (၂၀ မိနစ်)

Image result for bathing

• ရေနွေးနွေးလေးနဲ့ရေချိုးပါ။ နွေရာသီဆိုတော့ ချွေးထွက်ပြီး အသားအရေတွေလဲ ခြောက်သွေ့နေရောပေါ့။ အစိုဓာတ်ထိန်းပေးတဲ့ body oil လေးသုံးပါ။ (၂၀ မိနစ်)

• ဘုရားရှိခိုးခြင်း (သို့) တရားထိုင်ခြင်း များ ပြုလုပ်ပေးပါ။ ကိုယ်ရောစိတ်ပါ ကျန်းမာဖို့အနည်းဆုံး ၁၅ မိနစ်လောက်တော့ အချိန်ပေးသင့်တယ်နော်။ (၁၅ မိနစ်)

Image result for burmese breakfast

• မနက်စာဟာ ရိုးရှင်းပြီး အာဟာရဖြစ်တဲ့ အစားအစာဖြစ်ရပါမယ်။ မနက်စာကို များများစားရမယ်ဆိုတာက ထမင်းချည်းပဲ လှိမ့်စားရမယ်လို့မဆိုလိုပါဘူး။ တစ်မျိုးထဲ စားတာမျိုးမဟုတ်ပဲ အသီးအနှံလေးတွေနဲ့တွဲဖက်စားပေးပါ။ (၁၅ မိနစ်)

school, study, and bujo image

• တနေ့တာလုပ်မယ့်လုပ်ငန်းဆောင်တာတွေကို ချရေးပါ။ ရေးထားပြီးသားရှိရင်လဲ ပြန်ဖတ်ပါ။ (၅ မိနစ်)

girl, newspaper, and morning image

• သတင်းစာဖတ်ပါ။ သို့မဟုတ် လုပ်ငန်းနဲ့ပတ်သက်တာတစ်ခုခုဖတ်ပါ။ (၅ မိနစ်)

Image result for stay off phone

• ဖုန်းမသုံးပါနဲ့။ ဒီအချက်ကအရေးကြီးပါတယ်။ မနက်ခင်းနိုးထတဲ့အခါ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို လုပ်ဖို့အတွက် အချိန်ကောင်းတစ်ခုပါ။ facebook သုံးရင်း instagram သုံးရင်းအချိန်မကုန်ပါစေနဲ့။

ကဲ စုစုပေါင်း ၁ နာရီခွဲ ပဲ အချိန်ပေးရုံနဲ့ပြည့်စုံတဲ့မနက်ခင်းတစ်ခုကို ရပါပြီ။ တကယ်ကောင်းမွန်တဲ့ အလေ့အကျင့်လေးတွေမို့လို့ကြိုးစားပြီး လုပ်ကြည့်သင့်တယ်နော်။ 

Paulina

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။