ပရိသတ်အချစ်တော် စိုးပြည့်သဇင် နောက်ဆုံးနှစ် စာမေးပွဲအောင်လို့ ပျော်ရွှင်နေ

အေးချမ်းလှတဲ့ အပြုံးနဲ့အတူ ချစ်ဖို့ကောင်းတဲ့ ဟန်ပန်လေးတွေကြောင့် ပရိသတ်များစွာ အချစ်ပိုနေရတဲ့ နိုင်ငံကျော် မင်းသမီးချော စိုးပြည့်သဇင်ဟာ အသက်(၂၅)နှစ်အရွယ်ရှိတဲ့ အနုပညာရှင်တစ်ဦးဖြစ်သလို ငယ်ငယ်ရွယ်ရွယ်နဲ့ အကယ်ဒမီရရှိခဲ့သူလည်း ဖြစ်ပါတယ်။ သူမဟာ အနုပညာအလုပ်တွေကို အသက်(၁၃)နှစ်တည်းက စတင်လုပ်ကိုင်ခဲ့ပြီး သူမ အသက် (၁၈)နှစ်အရွယ်ရောက်တဲ့အခါကျမှ “ မိုးညအိမ်မက်မြူ ” ဆိုတဲ့ ဇာတ်ကားနဲ့ အကယ်ဒမီရရှိခဲ့ပါတယ်။

သူမဟာ သရုပ်ဆောင်နဲ့အပိုင်းမှာ ထူးချွန်သလို သီချင်းသီဆိုမှုအပိုင်းမှာလည်း ပရိသတ်အားပေးမှုများစွာ ရရှိထားတဲ့သူ တစ်ယောက်ပါ။ ဒါ့အပြင် သီချင်းနဲ့ပတ်သက်ပြီးတော့လည်း “ ချစ်သူရွေးမယ် ” တေးစီးရီးနဲ့ “ အချစ်ကို ရှာဖွေတွေ့ရှိခြင်း ” ဆိုတဲ့ တေးစီးရီးတွေ ထွက်ရှိထားပါတယ်။

လတ်တလောမှာတော့ စိုးပြည့်ဟာ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ စတုတ္ထနှစ် မြန်မာစာအဝေးသင် နောက်ဆုံးနှစ်ကို အောင်မြင်သွားပြီဖြစ်လို့ မကြာခင်မှာဘဲ ဘွဲ့ယူရတော့မည်လို့ သူမရဲ့ လူမှုကွန်ယက်ပေါ် ဧပြီလ(၂)ရက်နေ့က တင်ခဲ့ပါတယ်။

သူမဟာ အနုပညာအလုပ်မှာ ထူးချွန်သူဖြစ်သလို ပညာရေးမှာလည်း အောင်မြင်တဲ့ မိန်းမပျိုလေးတစ်ဦးပါ။ လက်ရှိမှာတော့ စိုးပြည့်ဟာ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်တို့နဲ့အတူ မင်းသမီးပိုးထည်တိုက်ဆိုတဲ့ ပိုးထည်ဆိုင်ကိုလည်း ဖွင့်ထားပါတယ်။ 

ကျောင်းစာတွေရဲ့ ပိနေခဲ့လို့ အနုပညာအလုပ်တွေ၊ ဂီတအလုပ်တွေအပေါ် အနည်းငယ် လျော့နည်းခဲ့ရတဲ့ စိုးပြည့်ဟာ အခုချိန်မှာ စာမေးပွဲကြီးလည် ဖြေဆိုပြီးခဲ့ပြီဖြစ်တာကြောင့် အနုပညာအလုပ်တွေ၊ ဂီတအလုပ်တွေကို ပြန်လုပ်နေပါပြီ။ မကြာခင်မှာလည်း သူမရဲ့ သီချင်းအသစ်လေးကို ပရိသတ်တွေ နားဆင်ရဖို့ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။

Source; Soe Pyae Tha Zin

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။