သင့်အသားအရည်ကို ဆိုးဆိုးဝါးဝါး ပျက်စီးစေမယ့် အစားအစာများ

အမျိုးသမီး ၁၀ ယောက်မှာ ၉ ယောက်လောက်က အသားရည်မကောင်းတဲ့အထဲပါပါတယ်။အဓိကအကြောင်းရင်းမှာတော့ ကျန်းမာရေးနဲ့မညီတဲ့

အစာတွေ စားသုံးခြင်းကြောင့်ပါလို့ သုတေသနတွေကဆိုပါတယ်။ဘယ်အစာတွေ ဖြစ်နိုင်မလဲဆိုတာကို လေ့လာကြည့်ကြရအောင်။

သကြား

သကြားက အဆီအိတ်တွေကို လှုံ့ဆော်ပေးလို့ အဆီပိုထွက်စေနိုင်ပါတယ် ။ သွေးတွင်းသကြားဓါတ်ကို မြှင့်တက်စေပြီး

အနာရောင်ရမ်းမှုမြန်စေခြင်း ၊ အသားအရည်မွဲခြောက်ခြင်း တို့ကို အားပေးပါတယ် ။ သကြားဓါတ်အများဆုံးပါဝင်တဲ့အစားအစာများမှာ

သီးစုံဒိန်ချဉ် ၊ ဆောစ့် ၊ ရယ်ဒီမိတ်စာများ ၊ အသီးဂျုစ့် ၊ ဘီစကစ် ၊ fat free စာများ ၊ အားဖြည့်အချိုရည် နှင့် ရေခဲမုန့်တို့ပဲ ဖြစ်ပါတယ်။

နို့ထွက်ပစ္စည်းများ

နို့ထွက်ပစ္စည်းတွေကလည်း အဆီဓါတ်ကို ပိုမိုထုတ်လုပ်ပေးပါတယ် ။ အဆီပြန်ပြီး မွဲခြောက်တဲ့အသားအရည်ဖြစ်စေကာ 

ဝက်ခြံ ၊ ဝမ်းပျက် ဝမ်းလျှော နှင့် ဗိုက်အောင့်ဗိုက်နာရောဂါများ ဖြစ်စေနိုင်ပါတယ်။

အာလူးကြော်

အာလူးကြော်က အထူးသဖြင့် ဝမ်းဗိုက်ကြွက်သားအတွက် မကောင်းပါဘူး ။ ကျွန်တော်တို့ခန္ဓာကိုယ်က ၎င်းကို အလွန်နှစ်သက်တက်ကြပါတယ် ။ ဒါပေမယ့် အာလူးကြော်ကို အလွန်အကျွံစားသုံးပါက အဆီထွက်များစေပြီး အရေပြားပေါ်ရှိ မွှေးညှင်းပေါက်တွေကို ပို၍ ကျယ်စေနိုင်ပါတယ် ။ ဝမ်းဗိုက်တွက်ကောင်းတဲ့အစာများတွင် ဒိန်ချဉ် ၊ အသီးအနှံ ၊ ပဲ နှင့် အစေ့အဆံများဖြစ်ကာ မကောင်းတဲ့အစာများမှာ နို့နှင့်နို့ထွက်ပစ္စည်း ၊ အာလူးကြော် ၊

အချဉ်ဖောက်စာများ နှင့် အကြော်စာများပါဝင်ကြပါတယ်။

အစာကြေမလွယ်တဲ့အစာများ

၎င်းအစာတွေက အဆီဖြစ်ခြင်းကို ပို၍အားပေးပြီး နှလုံးရောဂါ ၊ အစာအိမ်ရောဂါတို့ကိုလည်း ဖြစ်စေနိုင်ပါတယ်။

အစာအိမ်မကောင်းရင် အသားရည် အလိုအလျောက်ပျက်စီးတက်တဲ့အတွက် ဒီလိုအစားအစာတွေကိုလည်း ရှောင်ဖို့လိုအပ်ပါတယ် ။အဲ့လိုမှမဟုတ်ရင် အသားအရည်ကို အဆီပြန်စေပြီး မွဲခြောက်ခြောက်ဖြစ်စေနိုင်ပါတယ်။

ဆိုဒါ

ဆိုဒါက အသားအရည်ပျက်စီးစေကာ သကြားဓါတ်များစွာပါဝင်တဲ့အတွက် အသားအရည်ထိန်းသိမ်းပေးတဲ့ဆဲလ်တွေကို ဖျက်စီးပစ်နိုင်ပါတယ် ။

ဂျုံစာအချို့

ဆိုလိုသည်မှာ ဂျုံနှင့်ပြုလုပ်ထားတဲ့အာဟာရမှုန့်များ ၊ အမျှင်ဓါတ်စာများကို ဆိုလိုခြင်းဖြစ်ပါတယ် ။

မှုန့်ဖုတ်ရာမှာလည်း အသုံးပြုပြီး ၎င်းတို့ကိုစားသုံးပါက အဆီဖြစ်ပေါ်မှုမြန်ဆန်စေပါတယ်။

အဆီများတဲ့အစာများ

ဝက်သား ၊ အမဲသား ၊ သိုးသား တို့မှာ အဆီပမာဏများစွာပါဝင်ကြပါတယ် ။ ကိုလက်စထရောကို မြင့်တက်စေပြီး ဝက်ခြံအမြုံ နှင့် အဆီပြန်တဲ့အသားအရည်၊ အကြောပြတ်ခြင်းတို့ကိုလည်း ဖြစ်စေနိုင်ပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။