မျက်နှာအသားအရေကို ချောမွေ့လှပစေတဲ့ အိမ်တွင်းနည်းလမ်း (၃) သွယ်…။

     မျက်နှာအသားအရည်ဆိုတာ အမြဲတမ်းဂရုစိုက်သင့်တဲ့ အရာတစ်ခုပါပဲ…။ မျက်နှာအသားအရည်လေး ကြည်လင်ပြီး ဝင်းပနေမှလည်း စိတ်ချမ်းသာစရာကောင်းနေမှာပါ…။ ဒီတော့ လွယ်ကူရိုးရှင်းတဲ့ အိမ်တွင်းမျက်နှာပေါင်းတင်နည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်…။

၁. ငှက်ပျောသီး

     ငှက်ပျောသီးနဲ့မျက်နှာပေါင်းတင်တာက တကယ်ကိုကောင်းတဲ့ အိမ်တွင်းနည်းလမ်းတစ်ခုပါပဲ…။ ငှက်ပျောသီးနဲ့မျက်နှာကို ပေါင်းတင်တဲ့နည်းလမ်းက ဘယ်မျက်နှာအသားအရေနဲ့မဆို သင့်တော်တဲ့ ပေါင်းတင်နည်းတစ်ခုပါပဲ…။ ငှက်ပျောသီးနဲ့ မျက်နှာပေါင်းတင်မယ်ဆိုရင် လိုအပ်တဲ့ပစ္စည်းတွေကတော့ ငှက်ပျောသီး တစ်လုံးရဲ့တစ်ဝက်၊ ပျားရည်၊ လိမ္မော်သီးရည်တို့ပဲဖြစ်ပါတယ်…။ ပြုလုပ်ရမယ့်နည်းလမ်းလေးကတော့ ငှက်ပျောသီး တစ်ဝက်ရယ်၊ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ လိမ္မော်ရည် စားပွဲတင်ဇွန်း ၁ ဇွန်းတို့ကို ရောမွှေပြီး မျက်နှာပေါ်ကိုလိမ်းထားပေးလိုက်ပါ…။ ၁၅ မိနစ်လောက်ထားပြီးသွားပြီဆိုရင်တော့ ရေနည်းနည်းနွေးနွေးလေးနဲ့ မျက်နှာသစ်ပေးလိုက်ပါ…။

ဒီနည်းလမ်းလေးမှာ ငှက်ပျောသီးက မျက်နှာအသားအရည်ကို နူးညံ့စေပါတယ်…။ ပျားရည်က မျက်နှာအသားအရေကို ဝင်းလက်တောက်ပစေပြီး၊ လိမ္မော်ရည်က သင့်မျက်နှာအသားအရည်ကို အညစ်အကြေးတွေကို ကင်းစင်စေပါတယ်…။

၂. ပျားရည်နဲ့ ကြက်ဥအနှစ်

     ပျားရည်နဲ့ ကြက်ဥအနှစ် ဆိုတာကတော့ အိမ်မှာအမြဲရှိတဲ့ ပစ္စည်းလေးတွေပါပဲ…။ ဒီမျက်နှာပေါင်းတင်တဲ့ နည်းလမ်းလေးမှာ လိုအပ်တဲ့ပစ္စည်းလေးတွေကတော့ ကြက်ဥအနှစ်၊ ပျားရည် လက်ဖက်ဇွန်း ၁ ဇွန်း၊ သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း တို့လိုအပ်ပါတယ်…။

ပါဝင်တဲ့ ပစ္စည်းတွေကို သေချာရောမွှေပြီး မျက်နှာပေါ်သုတ်လိမ်းပေးလိုက်ပါ…။ ခြောက်သွားပြီဆိုရင်တော့ ရေနွေးနွေးလေးနဲ့ဆေးချပေးလိုက်ပါ…။ ဒီနည်းလမ်းလေးကတော့ မျက်နှာအသားအရေမှာ အဆီပြန်တာတွေကိုလည်း သက်သာသွားစေပါတယ်…။

၃. သင်္ဘောသီးနဲ့ ပျားရည်

     အသားအရည်ကြည်လင်လှပစေဖို့အတွက် အကောင်းဆုံးပေါင်းတင်နည်းလမ်းကတော့ သင်္ဘောသီးပဲဖြစ်ပါတယ်…။ သင်္ဘောသီးအနည်းငယ်ကို ရောပြီးချေလိုက်ပြီး ပျားရည်လက်ဖက်ရည်ဇွန်း ၂ ဇွန်း တို့ကိုရောမွှေပြီး မျက်နှာပေါ်ကိုလိမ်းပေးလိုက်ပါ…။ ခြောက်သွားတဲ့အခါမှာတော့ ရေနွေးနွေးလေးနဲ့ဆေးချပေးလိုက်ပါ…။ ဒီနည်းလမ်းလေးက မျက်နှာအသားအရေကို ချောမွေ့စေပြီး ရေဓာတ်ပြည့်ဝစေပါတယ်…။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။