ဟင်းချက်တတ်တဲ့အမျိုးသားတွေကို ကောင်မလေးတွေခိုက်ရတဲ့ အကြောင်းအရင်း

ဒီခေတ်မိန်းကလေးတွေဟာ ကောင်လေးတွေကို ရုပ်ချောတာနဲ့ အရပ်ရှည်တာလို ရုပ်ပိုင်းဆိုင်ရာ အသွင်ပြင်တွေတင်မက သီချင်းအဆိုကောင်းတဲ့ကောင်လေးနဲ့ ဟာသဉာဏ်ရွှင်တဲ့ကောင်လေးတွေကို စိတ်ဝင်စားတတ်သလို ဟင်းချက်တတ်တဲ့ကောင်လေးတွေကိုလည်း စိတ်ဝင်စားကြပါသတဲ့။ ဘာကြောင့်များလဲ? အကြောင်းအရင်းကို သိချင်ရင် အောက်မှာဖော်ပြပေးမယ့်အချက်လေးတွေကို ဖတ်ကြည့်ပါနော်။


(၁) အမျိုးသားတွေဟင်းချက်တာဟာ sexy ကျတယ်လို့ ခံစားမိကြပါတယ်။


မိန်းကလေးတွေဟာ အမျိုးသားတစ်ယောက် ဟင်းချက်တာကို ကြည့်ရတာ သဘောကျကြပါတယ်။ အကြောင်းကတော့ ဆွဲဆောင်မှုရှိတယ်လို့ ခံစားမိကြလို့ပါ။ သုတေသနတွေကလည်း အဲဒီအချက်ကို အတည်ပြုထားကြပါတယ်။


(၂) အမျိုးသားတွေ ဟင်းချက်တာဟာ အသစ်အဆန်းဖြစ်စေပါတယ်။


အများအားဖြင့် မိန်းကလေးတွေက ယောကျာ်လေးတွေထက်စာရင် မီးဖိုချောင်ဝင်ပြီး ဟင်းချက်ကြတာ များပါတယ်။ ဒီခေတ်မှာ အမျိုးသားတွေဟင်းချက်လာကြပေမဲ့ အသစ်အဆန်းတစ်ခု ဖြစ်နေတုန်းပါပဲ။ မိမိချစ်သူ ဟင်းချက်တတ်တယ်ဆိုတဲ့အချက်ဟာ မိန်းကလေးတွေကြားမှာ ကြွားစရာတစ်ခုလည်း ဖြစ်ပါတယ်။


(၃) အစားအသောက်အကြောင်းပြောတာဟာ လူတိုင်းစိတ်ဝင်စားနိုင်တဲ့ အကြောင်းအရာဖြစ်ပါတယ်။


လူတိုင်း အစားအသောက်ကိုကြိုက်ပြီး အစားအသောက်အကြောင်း ပြောရတာကိုလည်း စိတ်ဝင်စားကြပါတယ်။ အဲဒါကြောင့် ကိုယ်ချစ်တဲ့မိန်းကလေးနဲ့ အစားအသောက်အကြောင်းပြောရင်း ရင်းနှီးမှုယူတာဟာ နည်းလမ်းကောင်းတစ်ခုပါပဲ။ အဲဒီအပြင် နှစ်ယောက်လုံးဟင်းချက်တတ်လို့ ဟင်းချက်တဲ့ အကြောင်း ပြောဖြစ်မယ်ဆိုရင်တော့ သင်တို့ရဲ့ရင်းနှီးမှုဟာ တဆင့်တက်သွားနိုင်ခြေရှိပါတယ်။


(၄) အမျိုးသားတွေဟင်းချက်တတ်တာကို ထူးခြားတဲ့အရည်အချင်းတစ်ခုလို့ မြင်ကြပါတယ်။


မိန်းကလေးအတော်များများဟာ သူတို့ရဲ့အိမ်မှာ မိခင်ကသာ ချွေးတလုံးလုံးနဲ့ မီးဖိုချောင်ထဲမှာ ဟင်းချက်ကြတာကို မြင်ရပြီး ဖခင်တွေကတော့ မီးဖိုချောင်ကိစ္စဆိုရင် အသေးအဖွဲလေးတွေတောင် မလုပ်တတ်တာကို ကျင့်သားရနေကြပါပြီ။ အဲဒါကြောင့် မိန်းကလေးတွေဟာ အမျိုးသားတွေ ဟင်းချက်တတ်တာကို ထူးခြားချက်တစ်ခုအနေနဲ့ သဘောကျကြတာလည်း ဖြစ်ပါတယ်။


(၅) Romantic ဖြစ်စေမယ့် ညစာစားပွဲလေးကို ပြင်ဆင်နိုင်ပါတယ်။


အခုခေတ်ရေပန်းစားနေတဲ့ ကိုရီးယားဇာတ်လမ်းတွဲတွေမှာ မင်းသားက မင်းသမီးအတွက် ဟင်းချက်ပြင်ဆင်ပေးတဲ့ ဇာတ်ဝင်ခန်းမျိုးနဲ့ “ရို” လေ့ ရှိကြပါတယ်။ အဲဒီလိုဇာတ်ဝင်ခန်းတွေကို ဒီခေတ် ကောင်မလေးတွေ အရမ်းသဘောကျတတ်ပါတယ်။ အဲဒါကြောင့် ကောင်လေးတွေအနေနဲ့ ကောင်မလေးအတွက် မီးချောင်ဝင် ဟင်းချက်ပြင်ဆင်ပြီး Romantic ဆန် နိုင်ပါတယ်နော်။


(၆) ဘိုင်ပြတ်နေချိန်မှာတောင် သာသာယာယာ ဒိတ်လုပ်နိုင်ပါတယ်။


အမျိုးသားတွေအနေနဲ့ ဘိုင်ပြတ်နေချိန်မှာ အကုန်အကျသက်သာအောင် ကောင်မလေးအတွက် ကိုယ်တိုင် ဟင်းချက်ပေးပြီး ဒိတ်လုပ်နိုင်ပါတယ်။ အဲဒါဟာ ဆိုင်ကောင်းကောင်းမှာ ဈေးကြီးတဲ့စားစရာတွေ ဝယ်ကျွေးတာထက် ပို “ရို” ပြီး ကောင်မလေးတွေကိုလည်း ပိုဟက်ထိစေပါတယ်။


အဲဒါကြောင့် မိန်းကလေးတွေဟက်ထိအောင် ဆွဲဆောင်ချင်တဲ့ အမျိုးသားတွေအနေနဲ့ ဟင်းချက်တတ်အောင် ပြေးသင်လိုက်ကြပါတော့နော်။


By Cherry Mon


Ref; Luvze.com


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။