စစ်ဘေးရှောင်ပြည်သူတွေအတွက် အဝတ်အထည်များ ထောက်ပံ့နေတဲ့ နေထက်လင်းနဲ့ ဝေဠုကျော်

ပရိသတ်တွေရဲ့ အချစ်တော် နေထက်လင်းနဲ့ ပရဟိတမင်းသားကြီး ဝေဠုကျော်တို့ကိုတော့ ထွေထွေထူးထူး ပြောနေစရာ မလိုလောက်အောင် အောင်မြင်နေတဲ့ နိုင်ငံကျော် မင်းသားတွေပဲဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ဆေးစက်ကျရာ အရုပ်ထင်ရမယ်ဆိုတဲ့အတိုင်း ဇာတ်ကောင်တစ်ခုရဲ့ ကျရာဇာတ်ရုပ်ကို အကောင်းဆုံးနဲ့ အပီပြင်ဆုံး သရုပ်ဆောင်နိုင်တဲ့အတွက်ကြောင့်လည်း ပရိသတ်တွေရဲ့ အချစ်ကိုပိုင်ဆိုင်ထားတဲ့ အချစ်တော်မင်းသားတွေဖြစ်နေကြတာပါ။

ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ပြည်သူ့အချစ်တော် နေထက်လင်းနဲ့ ဝေဠုကျော်တို့ဟာ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးမှု နည်းပါးလာခဲ့ပြီး ပရိသတ်ရှေ့မှောက်မှာ မမြင်ရတာ အတော်ကြာခဲ့ပါပြီ။ ဒီတစ်ခေါက်မှာတော့ စစ်ဘေးရှောင်ပြည်သူများ ထောက်ပံ့ကူညီရေးအဖွဲ့မှ ဥက္ကဋ္ဌ သရုပ်ဆောင် နေထက်လင်းနဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းမှ ဒုဥက္ကဋ္ဌ သရုပ်ဆောင် ဝေဠုကျော်တို့က ငြိမ်းချမ်းရေး အထောက်အကူပြု ကော်မတီသို့ ရခိုင်ပြည်နယ် စစ်ဘေးရှောင် ပြည်သူများအတွက် အဝတ်အထည်အသစ် (၁၀)ထုပ် (အထည်ပေါင်း (၁၅၀၀)ကျော်)ကို ဒုတိယအကြိမ်အဖြစ် ကူညီထောက်ပံ့ပေးခဲ့ပါတယ်။

ကိုယ်တိုင်ပါဝင်မလှူဒါန်းနိုင်ပေမယ့် လှူဒါန်းနိုင်သူတွေရဲ့ အပြုံးအပျော်ကိုကြည့်ခြင်းဖြင့် မြတ်သောကုသိုလ်ရတယ်လို့ ရှေးစာဆိုကြီးတွေ မိန့်ခဲ့ဖူးပါတယ်။ အခုလည်း နေထက်လင်းနဲ့ ဝေဠုကျော်တို့ရဲ့ မြတ်သောအလှူဟာ စစ်ဘေးရှောင်ပြည်သူတွေအတွက် များစွာသော အထောက်အပံ့တွေဖြစ်တာမို့ ပရိသတ်ကြီးလည်း ဝမ်သားပီတိဖြစ်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ဒီတော့ ပရဟိတမင်းသားကြီး နှစ်ဦးရဲ့ ပီတိဝေဆာနေတဲ့ ပုံလေးတွေကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်…။

Crd;

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။