အမျိုးသားတွေအနေနဲ့ မကြိုက်လည်း စားသင့်တဲ့ ထောပတ်သီး

အမျိုးသားများတွေရဲ့ ကျန်းမာရေးအတွက် ထောပတ်သီးက ဘယ်လောက်တောင် အထောက်အကူပြုသလဲဆိုတာလေးကို We ရဲ့ ပရိတ်သတ်တွေအတွက်  ဖော်ပြပေးချင်ပါတယ်။ ထောပတ်သီးကို အများဆုံး မြင်တွေ့ရတာက တော့ မက္ကစီကို နှင့် အမေရိက တိုက် အလယ် ပိုင်းပဲ ဖြစ်ပါတယ်။ထောပတ်သီးကို စားသုံးချင်းဖြင့် အမျိုးသားများအနေနဲ့ဆိုရင်တော့ လိင်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးများကို အများကြီး ရရှိမှာပဲ ဖြစ်ပါတယ်။

ထောပတ်သီးမှာ 

ကိုလက်စထရော နှင့် အန္တရာယ်ရှိသော အဆီများမပါဝင်ပဲ ကိုလတ်စထရောများကို သွေးအား အဖြစ် ပြောင်းလဲပေးသောကြောင့် သွေးအားကောင်းမွန်စေပါတယ်။ ထို့အပြင် ဗီတာမင် A.B.C.D.E တို့ ကြွယ်ဝ စွာပါဝင်ပြီး ငှက်ပျောသီးထက် ပိုတတ်စီယမ် ဓာတ် ပိုပါဝင်ပါတယ်။

ထောပတ်အသီးမှာ

ပမာဏ အများဆုံးပါဝင်တဲ့ ဗီတာမင် B1 ဟာဆိုရင်လည်း ခန္ဓာကိုယ် ကြီးထွားမှုနှင့် ဖွံ့ဖြိုးရေးအတွက် အထူး အထောက်အကူပြုတဲ့အပြင် အမျိုးသားတို့ အားစိုက် ထုတ်ရသော ကိစ္စများနှင့် လိင်ကိစ္စများကို စွမ်းဆောင်ရည် အထူးကောင်းမွန်အောင်မြှင့်တင်ပေးနိုင်ပါသေးတယ်။

အမျိုးသားများအတွက် အရေးပါဆုံး ဖြစ်တဲ့ နှလုံး အားကောင်းမှု ကို အထောက်အကူ အပြုဆုံးကတော့ ထောပတ်သီးမှာ ပါဝင်သော ပိုတက်စီယမ်ပဲ ဖြစ်ပါတယ်။အမောလုံခြင်း၊ နှလုံးအားကောင်းခြင်းတို့ကြောင့် အိမ်ထောင်သည် အမျိုးသားများ အတွက် လွန်စွာ အထောက်အကူ ပြုမှာအမှန်ပဲ ဖြစ်ပါတယ်ခင်ဗျ။

ဒါ့အပြင်  ကြွယ်ဝစွာ ပါဝင်တဲ့ အခြားသော ဗီတာမင်များကြောင့် အမျိုးသားများ အသက် အရွယ်ရင့်လာချိန်တွင် အသားအရေကို စိုပြည်ပြီး စမတ်ကျ၍ မျက်နှာပြင်ပေါ်ရှိ အရေးအကြောင်းများကို ပျောက်ကင်းစေနိုင်ပါသေးတယ်။

နောက်ဆုံးအနေနဲ့ ပြောရရင်တော့ ထောပတ်သီးဟာ

အိမ်ထောင်သည် အများအပြား ရင်ဆိုင်ရသော သုတ်လွှတ်မြန်မှုကို အကောင်းဆုံး ထိန်းချုပ်နိုင်ပါသေးတယ်။

ဒါကြောင့် အမျိုးသားများအတွက် ကောင်းကျိုး အပြည့် ပါဝင်သော ထောပတ်သီးကို စားသုံးခြင်းဖြင့် မိမိတို့၏ အကောင်းဆုံး စွမ်းဆောင်ရည်ကို ထိန်းသိမ်း နိုင်ကြပါစေဗျာ။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။