(၂၀၁၇ ) စက်တင်ဘာလမှာထွက်ရှိမယ့် ကိုရီးယားဇာတ်လမ်းတွဲ(၁၀)တွဲ

K Drama ပရိသတ်တွေအတွက် စက်တင်ဘာလမှာ ထွက်ရှိမယ်လို့ ကြေညာထားတဲ့ ဇာတ်လမ်းတွဲလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒီတော့ ဘယ်ရက်မှာ ဘယ်သူတွေပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲတွေ ထွက်လာမလဲဆိုတာကို ကြည့်လိုက်ရအောင်...။

1. My Golden Life


ဒီဇာတ်လမ်းလေးကတော့ drama, family, romance ဇာတ်လမ်းလေးပါ။ ဒီဇာတ်လမ်းထဲမှာတော့ Park Si-Hoo, Shin Hye-Sun, Lee Tae-Hwan နဲ့ Seo Eun-soo တို့ ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ ဒီဇာတ်လမ်းလေးက စက်တင်ဘာလ (၂) ရက်နေ့မှာ ထွက်မယ်လို့ သိရပါတယ်။

2. Man Who Sets The Table

ဒီဇာတ်လမ်းလေးကတော့ drama, romance ဇာတ်လမ်းလေးပါ။ ဒီဇာတ်လမ်းထဲမှာ Choi Soo Young, Ohn Joo Wan, Seo Hyo Rim တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်လမ်းကလည်း စက်တင်ဘာလ (၂) ရက်နေ့မှာ ထွက်မယ်လို့ သိရပါတယ်။

3. Andante

ဒီဇာတ်လမ်းလေးကတော့ လူငယ် school romance ဇာတ်လမ်းလေးပါ။ ဒီဇာတ်လမ်းထဲမှာ ပါဝင်တဲ့သရုပ်ဆောင်တွေကတော့ Kai, Lee Ye Hyun နဲ့ Baek Chul Min ပါ။ ဒီဇာတ်လမ်းလေးကတော့ စက်တင်ဘာလ (၁၀) ရက်နေ့မှာ ထွက်မယ်လို့ သိရပါတယ်။

4. Lingerie Girls’ Generation


ဒီဇာတ်လမ်းလေးကလည်း လူငယ်ဇာတ်လမ်းလေးပါပဲ။ ပါဝင်တဲ့သရုပ်ဆောင်တွေကတော့ Min Do Hee နဲ့ Chae Seo Jin ပါ။ ဇာတ်လမ်းလေးကတော့ စက်တင်ဘာလ (၁၁) ရက်နေ့မှာ ထွက်မယ်လို့ သိရပါတယ်။

5. Magic School

ဒီ Magic School ဇာတ်လမ်းလေးကလည်း စက်တင်ဘာလ (၁၁) ရက်နေ့မှာ ထွက်မယ်လို့ သိရပါတယ်။ ဒီဇာတ်လမ်းထဲမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကတော့ Jin Young, Yoon Park, Nichkhun, Ryu Seung Soo နဲ့ Shin Eun Soo ပါ။

6.Temperature of Love

Romance ဇာတ်လမ်းလေးဖြစ်တဲ့ Temperature of Love မှာတော့ Seo Hyun Jin, Yang Se Jong, Kim Jae Wook နဲ့ Jo Ba Ah တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်လမ်းလေးက စက်တင်ဘာလ (၁၈) ရက်နေ့မှာ ထွက်မယ်လို့ သိရပါတယ်။

7. 20th Century Boy and Girl

Romance ဇာတ်လမ်းလေးဖြစ်တဲ့ ဒီဇာတ်လမ်းလေးမှာတော့ သရုပ်ဆောင် Han Ye Seul, Kim Ji Suk, Ryu Hyun Kyung, Lee Sang Woo နဲ့ Oh Sang Jin တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်လမ်းလေးကတော့ စက်တင်ဘာလ (၂၅) ရက်နေ့မှာ ထွက်မယ်လို့ သိရပါတယ်။

8. While You Were Sleeping

ဒီဇာတ်လမ်းလေးကတော့ K Drama ချစ်သူတွေ စောင့်မျှော်နေတဲ့ ဇာတ်လမ်းလေးပဲဖြစ်မှာပါ။ ဒီဇာတ်လမ်းလေးထဲမှာတော့ Lee Jong Suk, Bae Suzy နဲ့ Lee Sang Yeob တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်လမ်းလေးက စက်တင်ဘာလ (၂၇) ရက်နေ့မှာ ထွက်မယ်လို့ သိရပါတယ်။

9. Borg Mom

ဒီ Borg Mom ဇာတ်လမ်းလေးထဲမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကတော့ Yang Dong Geun, Park Han Byul နဲ့ Choi Jung Won ပါ။ ဒီဇာတ်လမ်းလေးကတော့ စက်တင်ဘာလ (၃၀) ရက်နေ့မှာ ထွက်မယ်လို့ သိရပါတယ်။


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။