Star Award ပွဲကို မတက်ရောက်ဖြစ်ပေမယ့် ဆုရမယ့်လူများကို ကြိုတင် ဂုဏ်ပြုလိုက်တဲ့ စိုင်းစိုင်း

နှုတ်ခမ်းနီမလေးတွေ သည်းသည်းလှုပ် အားပေးခြင်းကို (၁၀)စုနှစ်မက ရရှိထားပြီး အောင်မြင်မှုကို ကြာရှည်စွာ ထိန်းသိမ်းထားနိုင်တဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ဟာ မြန်မာနိုင်ငံလုံးအနေနဲ့လည်း အောင်မြင်ကျော်ကြားပါတယ်။ စိုင်းစိုင်းဟာ ပရိသတ်တွေကို အမြဲအလေးထားပြီး နှစ်စဉ်နှစ်တိုင်းလည်း မွေးနေ့ Show ပွဲတွေကို ပရိသတ်တွေနဲ့ ပျော်ရွှင်စွာကျင်းပလေ့လည်း ရှိပါတယ်။

ယနေ့ ဧပြီလ (၅)ရက်နေ့ ညနေ (၃)နာရီမှစပြီး သုဝဏ္ဏဘူမိ Event Park မှာ ကျင်းပနေတဲ့ ပထမဦးဆုံးအကြိမ် Star Award ဆုပေးပွဲကြီးမှာ Popular Award နဲ့ People Choice Award ဆုတွေကိုလည်း ပေးအပ်ချီးမြှင့်သွားမယ်လို့ သိရပါတယ်။ အဆိုပါ ပွဲကြီးကို နိုင်ငံကျော် အနုပညာရှင်များစွာ တက်ရောက်ခဲ့ပြီး စည်ကားသိုက်မြိုက်စွာကျင်းပနေပါတယ်။

ဒါပေမယ့် ဒီနေ့ကျင်းပနေတဲ့ Star Award ပွဲကြီးကိုတော့ ပရိသတ်အချစ်တော် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ဟာ တတ်ရောက် ဂုဏ်ပြုခြင်းမရှိခဲ့ပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ စိုင်းစိုင်းက “ Birthday Show နဲ့ လုံးပန်းနေပါသဖြင့် ယနေ့ည Star Award ပွဲ မတက်ရောက်နိုင်ပါ ဆုရမယ့်သူများအားလုံး Congratulations ပါခင်ဗျ ” လို့ ရေးသားထားခဲ့ပါတယ်။

ပရိသတ်ကြီးလည်း ဒီနေ့မှာ ဘယ်သူတွေက ဘယ်ဆုတွေကိုရပြီး အကောင်းဆုံးနဲ့ ပရိသတ်ကျေနပ်မှုရအောင် ဘယ်လိုလုပ်မယ်ဆိုတာ စောင့်မျှော်ကြည့်ရှု့လိုက်ပါဦး ..။

Source; Sai Sai Kham Leng FB

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။