Best Special Awards (Performance) ဆုကို “ဇာတိမြေ”ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ရရှိသွားတဲ့ မိုရီဆာကီဝင်း

နှုတ်ခမ်းနီမလေးတွေ အသည်းအသန်ကြွေနေတဲ့ အဝင်းဆိုတဲ့ မိုရီဆာကီဝင်းကတော့ (၂၀၁၈)ခုနှစ်ရဲ့ ရုပ်ရှင်နဲ့ ရုပ်သံဇာတ်လမ်းတွဲ ထူးချွန်ဆုပေးပွဲကြီးမှာ Best Special Awards (Performance) ဆုကို “ဇာတိမြေ”ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ထိုက်ထိုက်တန်တန်ရရှိသွားခဲ့ပါတယ်။

ဒါပေမဲ့ ပရိသတ်အချစ်တော် မိုရီဆာကီဝင်းက အဆိုပါပွဲကို တက်ရောက်ခဲ့ခြင်းမရှိတဲ့အတွက် ကိုယ်စားသာ လက်ခံလာယူခဲ့ပါတယ်။ ဒါပေမဲ့ ပရိသတ်ကြီးအတွက် ဆက်လက်ပြီး ကြိုးစားဦးမယ့်အကြောင်း၊ ဒီလောက်နဲ့တင် အားမရသေးကြောင်းကိုလည်း အင်တာဗျူးမှ ပြောသွားခဲ့ပါသေးတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။