တက်ရောက်လာသူတွေထဲက အကောင်းဆုံးဖက်ရှင်ဆုကိုရရှိခဲ့တဲ့ ပိုင်ဇေရဲထွန်းတို့မောင်နှံ

Star Awards ပွဲမှာ ထူးထူးခြားခြားအနေနဲ့ တက်ရောက်လာသူဧည့်သည်တွေထဲက အကောင်းဆုံးဝတ်စားဆင်ယင်မှုကိုရွေးပြီး Guest Awards ( Fashion ) ဆုကိုရွေးချယ်ပေးအပ်ခဲ့ပါတယ်။ အဲ့ဒီဆုကို ရရှိသွားခဲ့သူတွေကတော့ သရုပ်ဆောင်ပိုင်ဇေရဲထွန်း နဲ့ ဇင်သဲနိုင်တို့ ဇနီးမောင်နှံဖြစ်ပြီး ပိုင်ဇေရဲထွန်းက အနက်ရောင် Tuxedo နဲ့ ဇင်သဲနိုင် ကတော့ အနက်ရောင် Evening Gown တို့နဲ့ကျက်သရေရှိရှိတက်ရောက်ခဲ့ကြတာပါ။


ဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့တဲ့ ပိုင်ဇေရဲထွန်း တို့ဇနီးမောင်နှံလည်း ဒီထက်ပိုပြီး အောင်မြင်၊ သာယာတဲ့ဘဝတစ်ခုကိုပိုင်ဆိုင်နိုင်ကြပါစေလို့ WE Media က ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

Gabriel











we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။