အကောင်းဆုံး ပွဲတက်ဖက်ရှင် ( အမျိုးသမီးသရုပ်ဆောင် ) ဆုကို ရရှိခဲ့တဲ့ ရွှေကစ်

Star Awards ပွဲမှာ နောက်ထပ်ပေးအပ်တဲ့ဆုကတော့ အကောင်းဆုံးအမျိုးသမီးပွဲတက်ဖက်ရှင်ဆုပါ။ ဒီဆုကိုတော့ တက်ရောက်လာခဲ့တဲ့ အမျိုးသမီးသရုပ်ဆောင်တွေထဲက သရုပ်ဆောင် ဝတ်မှုန်ရွှေရည် ကို ပေးအပ်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ ရွှေကစ် ဟာ နက်ပြာရောင်ညနေခင်းဝတ်စုံနဲ့တက်ရောက်ခဲ့တာဖြစ်ပါတယ်။


ဝတ်မှုန်ရွှေရည်ဟာ အကယ်ဒမီဆုသုံးဆုရရှိထားတဲ့ အမျိုးသမီးသရုပ်ဆောင်ဖြစ်ပြီး နာမည်ကြီးနေတဲ့ လိပ်ပြာစံအိမ်ဇာတ်ကားကြီး မှာလည်းသရုပ်ဆောင်ထားပါသေးတယ်။

Gabriel










we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။