ပရိသတ်အချစ်တော် အန်ကယ်လေးမှ Best Actor in a Supporting Role (Film) ဆွတ်ခူးရရှိ

နိုင်ငံကျော် အကယ်ဒမီမင်းသားတစ်ယောက်အဖြစ် ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိထားတဲ့ မင်းသားကြီး လူမင်းကတော့ အနုပညာလှုပ်ရှားမှုတွေကို မနားတမ်းဆောင်ရွက်နေတဲ့သူတစ်ယောက်ဖြစ်ပြီး လူမှုကွန်ယက်တွေပေါ်မှာလည်း ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။  

ဒီကနေ့ ကျင်းပတဲ့ အကယ်ဒမီပေးပွဲကြီးလို အနုပညာရှင်တွေရဲ့ ပန်းတိုင်တစ်ခုကို စိုက်ထူနိုင်မယ့် Star Awards ပွဲလေးကတော့ ၂၀၁၉ ခုနှစ်မှာ ပထမဆုံးအကြိမ် စတင်ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ သတင်းစာဆရာများ ကြီးမှူးပြီးတော့ ကျင်းပမယ့် ဒီ Star Awards ပွဲကြီးကနေတဆင့် အနုပညာပန်းတိုင်လေးတွေကိုလည်း ဆောက်တည်သွားနိုင်မှာ ဖြစ်ပါတယ်။ 

ယနေ့ Star Awards မှာတော့ ပရိသတ်အချစ်တော် အန်ကယ်လေးဟာ Best Actor in a Supporting Role (Film) ဆုကို ထိုက်ထိုက်တန်တန်ရရှိသွားပြန်ပါတယ်။

အန်ကယ်လေး အခုဆို ဆုရရှိသွားတဲ့ သူ့ရဲ့ မိသားစုတွေရယ်၊ အနုပညာရှင် အသိုင်းအဝိုင်းနဲ့ ပရိသတ်များစွာဟာ အရမ်းကို ပျော်ရွှင်ဝမ်းသာနေကြပါတယ်။ 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။