သူခိုးဖမ်းမယ့် စီစီတီဗွီတွေ သူခိုးအခိုးခံရ

သိုလှောင်ရုံဝန်ထမ်းဖြစ်သူမှ CCTV(၄)လုံးအား ဖြုတ်ခိုးယူ၍ ဖမ်းဆီးအရေးယူထား

နေပြည်တော်၊ ဧပြီ ၅



၂၀၁၉ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့ ည ၈ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင် မြို့နယ်နေ “ရွှေရွက်လှေ” အထည်ချုပ်စက်ရုံမန်နေဂျာဖြစ်သူ ဦးခင်နိုင်(၆၄)နှစ်သည် နေအိမ်၌ ရှိနေစဉ် အဆိုပါအထည်ချုပ်စက်ရုံတွင် သူခိုးမိထားကြောင်း လုံခြုံရေးဝန်ထမ်း ဦးမြင့်ဦးက ဖုန်းဆက် အကြောင်းကြားသဖြင့် သွားရောက်ကြည့်ရှုမေးမြန်းရာ စက်ရုံတွင် သူခိုးဝင်နေသည်ကို သိရှိရ၍ ဦးမြင့်ဦးမှ ရဲတပ်ဖွဲ့ဝင်များအား ဖုန်းဆက်အကြောင်းကြားခဲ့သည်။

ထို့နောက် ရဲတပ်ဖွဲ့ဝင်များနှင့် အတူ စက်ရုံအတွင်းသို့ ဝင်ရောက်ရှာဖွေရာ စက်ရုံသိုလှောင်ရုံဝန်ထမ်းဖြစ်သော လှိုင်သာယာ မြို့နယ်နေ ကရင်(ခ)ဇော်မင်းထွန်း(၄၁)နှစ်အား စက်ချုပ်ဆောင်အတွင်း၌ ၎င်းဖြတ်ခိုးယူထားသည့် CCTV(၄)လုံးနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သောကြောင့် အရေးယူပေးရန်တိုင်တန်းချက်အရ ကရင် (ခ)ဇော်မင်းထွန်း အား လှိုင်သာယာမြို့မရဲစခန်း(ပ)၂၀၀၇/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသတင်းရရှိသည်။

Gabriel
Source - ye zarni

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။