ပင်ပန်းနွမ်းနယ်မှုတွေကို ချက်ချင်းသက်သာစေမယ့် အစားအစာ (၆) မျိုး

ပင်ပန်းနွမ်းနယ်သလို ဖြစ်တယ်လို့ခံစားရရင်တော်တော်များများကတော့ ကော်ဖီ သောက်တာမျိုး လုပ်ကြပါတယ်။ ကဖိန်းဓာတ် ကြောင့် ခန္ဓာကိုယ် ကို လန်းဆန်းစေတာ မှန်ပါတယ်။ ဒါပေမဲ့ ကော်ဖီမကြိုက်သူတွေ၊ ကော်ဖီမသောက်ချင်သူတွေအတွက် အခြားရွေးချယ်စရာ အစားအသောက် တွေ ရှိပါတယ်။

ငှက်ပျောသီး

ငှက်ပျောသီး မှာ ကာဘိုဟိုက်ဒရိတ် မြင့်မားပါတယ်။ သကြားဓာတ်နဲ့ အမိုင်နိုင်အက်ဆစ်လည်း ပါဝင်တာကြောင့် စွမ်းအင် တွေကို သဘာဝကျကျ ပြန်လည် မြင့်တက်စေပါတယ်။ Rice University ရဲ့ လေ့လာချက်အရ အမိုင်နိုအက်ဆစ်တစ်မျိုးဖြစ်တဲ့ tyrosine ဟာ သင့် ခန္ဓာကိုယ် ကို နိုးကြားစေဖို့ ကူညီနိုင်တယ်လို့ ဆိုပါတယ်။

သီဟိုစေ့

သီဟိုစေ့ ကို ဒီအတိုင်းစားတာပဲဖြစ်ဖြစ် အခြားတစ်ခုခုနဲ့ ရောစားတာပဲ ဖြစ်ဖြစ် မောပန်းနွမ်းနယ်မှုကို လျှော့ချပေးနိုင်တဲ့ အကောင်းဆုံး အစားအစာ တစ်ခု ဖြစ်ပါတယ်။ European Journal of Clinical Nutrition မှာ ဖော်ပြခဲ့တဲ့ သုတေသနတစ်ခုအရ ခန္ဓာကိုယ် တွင်းက စွမ်းအင် အဆင့်ကိုထိန်းပေးထားတာ ဖြစ်ပါတယ်။ အဆီနဲ့ ပရိုတင်း မျှတစွာ ပါဝင်တာကြောင့် သွေးတွင်း သကြားဓာတ်ကိုလည်း ထိန်းပေးထားတာ ဖြစ်ပါတယ်။

ဆနွင်း

ဆနွင်း ပါတဲ့ ဟင်းအနှစ်မျိုးကို စားပေးရင်လည်း အိပ်ချင်ပြီး ပင်ပန်းနွမ်းနယ်တာမျိုးကို လျှော့နည်းစေပါတယ်။ ဆနွင်း မှာ curcumin လို့ခေါ်တဲ့ ပစ္စည်း တစ်မျိုးပါဝင်တာကြောင့် စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေကို မြင့်တက်စေပြီး ကိုယ်တွင်း စွမ်းအင် တွေကိုလည်း မြှင့်တင်ပေးတာ ဖြစ်ပါတယ်။

ကြက်ဥ

မနက်စောစောမှာ ကြက်ဥ ပုံမှန်စားတဲ့လူတွေ အမြောက်အများရှိပါတယ်။ International Journal of Obesity မှာဖော်ပြတဲ့လေ့လာချက်တစ်ခုအရ မနက်စာမှာ ကြက်ဥ စားတဲ့လူတွေဟာ တစ်နေကုန် စွမ်းအင်အဆင့်ဟာ ပုံမှန်ရှိနေတာ ဖြစ်ပါတယ်။ ကြက်ဥ မှာ ဘီတာမင် ချိုလိုင်းပါဝင်ပြီး အမြင်ဆိုင်ရာ မှတ်ညဏ် တွေကိုလည်း တိုးတက်စေပါတယ်။

ရေ

ရေ ကိုတော့ မမေ့ပါနဲ့။ ပင်ပန်းနွမ်းနယ်မှုတွေ ခဏခဏ ဖြစ်နေတဲ့ အခါ ရေကို လိုအပ်သလောက်သောက်ရဲ့လားဆိုတာကိုလည်း ဆန်းစစ်သင့်ပါတယ်။ ရေ ဓာတ်လုံလောက်စွာ မရရှိတဲ့အခါ သင့်ရဲ့ ခန္ဓာကိုယ်ဟာ မောပန်းနွမ်းနယ်မှုတွေ ဖြစ်နေတတ်ပါတယ်။ မောပန်းနွမ်းနယ်မှုဟာ သင့်ရဲ့ ခန္ဓာကိုယ်နဲ့ ဆက်စပ်မှုရှိနေတာကြောင့် ရေ များများသောက်တာဟာ သင့် ကျန်းမာရေး ကို ညီညွတ်ကောင်းမွန်စေပါတယ်။

ချောကလက်နက်

ပင်ပန်းနွမ်းနယ်တယ်လို့ ခံစားနေရတယ်ဆိုရင် သင်ရွေးချယ်လို့ရတဲ့အထဲမှာ ချောကလက်အနက်လည်း ပါပါတယ်။ ကော်ဖီ လိုပဲ သူ့မှာလည်း ကဖိန်းဓာတ်ပါပါတယ်။ Appetite ဂျာနယ်ရဲ့ သုတေသနတစ်ခုအရ ချောကလက် အနက်ကို စားခြင်းဟာ မှတ်ညဏ် အလုပ်လုပ်မှုကိုလည်း တိုးတက်စေတာဖြစ်ပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။